နှစ်ယောက်အတူတွဲ ဇာတ်ကားတွေ သိပ်မတွေ့ရတော့ပါဘူး။
Sabal Thwin

ရုပ်ရှင်အတူတွဲမရိုက်တာ ကြာပြီဖြစ်တဲ့ နေတိုး နဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ အတူတွဲ သရုပ်ဆောင်မှုတွေကို “မြက်နု” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ အချစ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လာမယ်လို့ သိရပါတယ်။ 

Photo: မြက်နု ရုပ်ရှင်ဇာတ်ကားကြီး



နေတိုးကိုတော့ “မြက်နု” ရုပ်ရှင်ဇာတ်ကားမှာ သက်ပိုင်ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ထူးခြားမှုအနေနဲ့ ပရိသတ်ကို Romance ဆန်တဲ့ စိတ်လှုပ်ရှားမှုတွေ ပေးနိုင်မယ်လို့ နေတိုးက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဒီဇာတ်ကားက အရင်က ရိုက်ခဲ့တဲ့ ဇာတ်ကားတွေနဲ့ မတူပါဘူး Romance က ပိုများတယ်။ ဒီဇာတ်လမ်းလေးက ကြည်နူးစရာကောင်းတယ်။ ရင်ခုန်စရာ စိတ်လှုပ်ရှားစရာကောင်းတယ်။ ဒီလို ရသမျိုးလေးက ပရိသတ်အတွက်လည်း လိုအပ်တယ်ပေ့ါနော်။ ကိုယ်တွေ ဒီလို သရုပ်ဆောင်တဲ့အခါ ပရိသတ်လည်း ကြိုက်မှာပဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ” 

Photo: မြက်နု ရုပ်ရှင်ဇာတ်ကားကြီး

နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ အတူတွဲသရုပ်ဆောင်မှုတွေကိုလည်း သိပ်ပြီးတော့ မတွေ့ရတော့ပါဘူး။ ဒါကြောင့် သူတို့ နှစ်ယောက်ရဲ့ အတူတွဲသရုပ်ဆောင်မှုတွေကိုတော့ “မြက်နု” ရုပ်ရှင်ဇာတ်ကားထဲမှာ ပြန်လည်မြင်တွေ့ရတော့ မှာဖြစ်ပါတယ်။ “မြက်နု” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ “သက်ပိုင်” ဆိုတဲ့ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးနဲ့ “ဂျိတ်” ဆိုတဲ့ ၁၀ ကျော်သက် ကောင်မလေး တစ်ယောက်တို့ရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအချစ်ဇာတ်လမ်းလေးတွေကို ပရိသတ်တွေ ကြည့်ရှုခံစားရမှာပါ။ 

Photo: မြက်နု ရုပ်ရှင်ဇာတ်ကားကြီး

“မြက်နု” ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဝတ်မှုံရွှေရည်ကို "ဂျိတ်" ဆိုတဲ့ ကောင်မလေးတစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။ ဇာတ်ကောင်အတွက် အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ 

“ ဒီဇာတ်ကားထဲမှာ ဒါရိုက်တာ လိုချင်တဲ့ အသက်အရွယ်နဲ့ သရုပ်ဆောင်မှုတွေကို အကောင်းဆုံးသရုပ်ဆောင်ခဲ့ပါတယ်။ ကိုနေတိုးကလည်း အသက်ကြီးတဲ့ အိုက်တင်တွေပါတယ်။ ကိုယ်က သူ့ထက် အသက်အများကြီး ငယ်တယ်ပေါ့။ အဓိက ကတော့ မြက်နု ဆိုတဲ့ ဇာတ်ကားထဲက ကာရိုက်တာတွေ ဖြစ်အောင် ကစ်တို့ နှစ်ယောက်စလုံး ကြိုးစားခဲ့ပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က "မြက်နု" ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: မြက်နု ရုပ်ရှင်ဇာတ်ကားကြီး

"မြက်နု" ရုပ်ရှင်ဇာတ်ကားကြီး ကိုတော့ ဇန်နဝါရီလ ၂၃ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ရွှေမြန်မာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းကတော့ မိုးနီလွင်ပါ။ အဓိက ပါဝင်သရုပ်ဆောင်သူတွေကတော့ နေတိုး၊ ဝတ်မှုံရွှေရည်၊ နေဆန်း၊ ခင်ဇာခြည်ကျော်၊ မုဏ်း၊ ဇင်မျိုး၊ ရွှေရင်အေး ၊ ဂိုဂို၊ နေလင်းရှိန်၊ ငွေဇင်သွန်းနဲ့ ကလေးသရုပ်ဆောင် အားကိုးရာ တို့က ပါဝင်ထားတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က