loading...

loading...

loading...

လိမ္မာတယ်၊ ပါးနပ်တယ်လို့ ဆိုပါတယ်။
Sabal Thwin

ဖြူဖြူကျော်သိန်းကတော့ ဘန်ဂျမင်ကို အားပေးကြတဲ့ ပရိသတ်တွေရဲ့ စိတ်နေစိတ်ထားအပေါ် ချီးကျူးစကားတွေ ပြောလာခဲ့ပါတယ်။ 

Photo: Dior by heart

ဖြူဖြူကျော်သိန်းကတော့ Myanmar idol (Season-4) က ဘန်ဂျမင်နဲ့ သီဆိုထားတဲ့ အင်္ဂလိပ်သီချင်းလေးက အခုဆိုရင် MTV ထွက်ရှိလာပြီဖြစ်ပါတယ်။ ဘန်ဂျမင်ရဲ့ အနုပညာအရည်အချင်းတွေကို သူမက အခုလို သုံးသပ်ပြောပြခဲ့ပါတယ်။ 

“ ဘန်ဂျမင် နဲ့ ဖြူဖြူ ဆိုထားတဲ့ အင်္ဂလိပ်သီချင်းလေး Cover Songလေးပေါ့ " Can't Help Falling In Love With You" ဆိုတဲ့ သီချင်းလေးထွက်ထားတယ်။ ဒါလေးကို Recording သေချာလေး သွင်းပြီးတော့ ကိုကျော်ရွှေမင်းက ရိုက်ပေးထားတာပါ။ ဘန်ဘန့် ပရိသတ်တွေက အရမ်း စမတ်ဖြစ်တယ်။ ပါးရည်နပ်ရည်ရှိတယ်၊ လိမ္မာတယ်၊ ဉာဏ်ကောင်းတယ်။ ဒီလို ပရိသတ်တွေရှိလို့လည်း သူ့ရဲ့ အနုပညာခရီးလမ်းက စိတ်ချရမယ်လို့ ဖြူဖြူထင်တယ်"ဆိုပြီးတော့ Duwun Media အင်တာဗျုးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Dior by heart

ဖြူဖြူကျော်သိန်းဟာ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲတုန်းက အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘန်ဂျမင် ကို ချစ်ကြတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကလည်း အရမ်းကို ကျေနပ်စရာကောင်းတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

“ အနုပညာသမားတစ်ယောက်မှာ အဆိုတော်တစ်ယောက်တည်းက တော်နေ၊ ဉာဏ်ကောင်းနေလို့ မရဘူး။ သူ့ကို အားပေးတဲ့ အမာခံပရိသတ်တွေကလည်း အမျှော်အမြင်ရှိဖို့လိုတယ်။ ပါးရည်နားရည်ရှိဖို့လိုတယ်။ အဲဒီလို ပရိသတ်မျိုးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် သူ့ကိုသာမက သူ့ရဲ့ ပရိသတ်တွေကိုလည်း ဖြူဖြူက ချီးကျူးတယ်” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့က Zealax hotel ဖွင့်ပွဲ ကိုတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Phyu Phyu Kyaw Thein

ဘန်ဂျမင်ကတော့ Myanmar idol(Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာ Vote No.77702 နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲ နောက်ဆုံးဆင့်အထိကို တက်လှမ်းနိုင်ခဲ့သူပါ။ ဒီပြိုင်ပွဲကနေတဆင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ခွင့်ရခဲ့သူပါ။ ဘန်ဂျမင်ကတော့ ဆယ်ကျော်သက် အရွယ်သာရှိသေးတဲ့ ချင်းတိုင်းရင်းသားလေး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေပွဲတွေ သီဆိုနေရပြီလို့ သိရပါတယ်။

 

Photo: Phyu Phyu Kyaw Thein

 “တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က