သူမလိုချင်တဲ့ အချစ်ရေးအကြောင်းပြောပြလာပါတယ်။
Sabal Thwin

ထက်ထက်ထွန်းကတော့ သူမ လိုချင်တဲ့ ချစ်သူပုံစံမျိူးကို ပြောပြလာပါတယ်။ ကိုယ်တိုင်ကလည်း အရမ်းချစ်တတ်တဲ့သူဖြစ်အောင် ကြိုးစားနေပါတယ်တဲ့။

Photo: Amazing Grace

ထက်ထက်ထွန်းကတော့ သူမ ခံယူထားတဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သူမလိုချင်တဲ့ အချစ်ရေးတစ်ခုကိုရဖို့ ကိုယ်တိုင်ကလည်း ချစ်တတ်အောင် ကြိုးစားနေတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

“ ထက်ထက်က တကယ်အပျိုကြီးပါ။ အိမ်ထောင်မှ မကျသေးတာလေ။ ဒါပေမယ့် အချစ်နဲ့ ပတ်သက်လာရင်တော့ အရမ်းချစ်တတ်တယ်။ အဲဒီတော့ ကိုယ့်ကိုအရမ်းချစ်မယ့်လူကို လိုချင်တယ်။ ကိုယ်ကလည်း အမြဲတမ်း ချစ်ပေးနေဖို့ ကြိုးစားနေပါတယ်” ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့က MK Fashions Shop ဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: ACT

ထက်မြတ်တဲ့ မိန်းကလေးတစ်ယောက်အတွက် ယုံကြည်ရတဲ့ ယောကျ်ားတစ်ယောက်ကိုပဲ ရွေးချယ်မယ်လို့ ထက်ထက်ထွန်းက ပြောပါတယ်။

“ မိန်းကလေးတွေက အရမ်းထက်မြတ်သွားတဲ့အခါ ယောကျ်ားယူဖို့ မစဉ်းစားတော့ပါဘူးတဲ့။ ကိုယ့်လောက် မတော်ဘူးလို့ အထင်နဲ့ ဘယ်သူ့ကိုမှ အားမကိုးချင်တော့ဘူး။ ဒါပေမယ့် တကယ်ချစ်သွားပြီဆိုရင်တော့ မလိုပါဘူး။ သူ့ဘာသာ စီးပွားရှာနိုင်၊ မရှာနိုင် ကိုယ်က ချစ်သွားပြီဆိုတော့ ကိုယ် Strong ဖြစ်နေတာပဲ လို့တွေးလိုက်တယ်။ ကိုယ်ချစ်တဲ့သူကို ကိုယ် Strong ဖြစ်တဲ့အရာတွေနဲ့ ဆွဲခေါ်ရမှာပေါ့နော်” လို့ သူကဆိုပါတယ်။

Photo: Htet Htet Htun

ထက်ထက်ထွန်း ကိုယ်တိုင်လိုချင်တဲ့ ချစ်သူပုံစံမျိုးကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။ ချစ်တယ် ဆိုတဲ့စကားရဲ့ နောက်ဆက်တွဲမှာလည်း နားလည်မှုတွေရှိဖို့လိုတယ်လို့ ဆိုပါတယ်။

“ အဓိက ကတော့ ကိုယ့်ကိုအရမ်းချစ်ရမယ်ပေါ့။ ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အနောက်မှာ ဦးနှောက်ရှိမယ်ဆိုရင် ထပ်ပြီးတော့ ပြောပြပေးစရာမလိုဘူး။ သစ္စာရှိဖို့၊ နားလည်မှုရှိဖို့၊ အနွံတာခံဖို့၊ သည်းခံဖို့ ဆိုတာတွေက ချစ်တယ်ဆိုတဲ့ စကားလုံးနောက်မှာ ပါပြီးသား။ ဦးနှောက်ရှိတယ်ဆိုရင် ချစ်နေဖို့ပဲ လိုပါတယ်ဆိုတဲ့ စကားလုံးကို နားလည်စေချင်တယ်။ ချစ်တယ်ဆိုတာ ပါးစပ်က ပြောနေဖို့ထက် အဲဒီအနောက်မှာပါတဲ့ ဂုဏ်သတ္တိအကုန်လုံးကို ပြည့်စုံအောင် လုပ်ပေးနိုင်တဲ့သူမှ အချစ်စစ်လို့ထင်တယ်”

Photo: Htet Zaw Oo

ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့နေရပါပြီ။




ဆက်စပ်အကြောင်းအရာများ


က္က