သမီးက ဂီတကိုလည်း ဝါသနာပါတယ်။

ကျော်ကျော်ဗိုလ်ကတော့ ဂီတကို ဝါသနာကြီးတဲ့ သမီးလေး အကြောင်းကို ပြောပြလာပါတယ်။ အနုပညာအသိုင်းအဝိုင်းနဲ့လည်း ရင်းရင်းနှီးနှီးရှိတယ်လို့လည်း သူကဆိုပါတယ်။

Photo: Kyaw Kyaw Bo



ကျော်ကျော်ဗိုလ်ကတော့ အနုပညာမောင်နှမတွေနဲ့ သမီးလေးရဲ့ ဆက်ဆံရေးကို ပြောပြလာပါတယ်။ သမီးလေးကတော့ နှင်းဆီအဖွဲ့သားတွေနဲ့ ပိုပြီးတော့ ရင်းနှီးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“သမီးက အဓိက ကတော့ နှင်းဆီအဖွဲ့ထဲမှာ ကြီးလာတာဆိုတော့ ဘယ်သူ့ကိုမှ ရှိန်တာ၊ ရှက်တာတို့ ဘာမှ မရှိဘူး။ သူက နေတိုး နဲ့လည်း Close ဖြစ်တယ်၊ မင်းသွေးတို့ ထွန်းထွန်း တို့နဲ့လည်း Close ဖြစ်တယ်။ သမီးကို မိန်းမက ကိုယ်ဝန်လွယ်ထားရတဲ့အချိန်တုန်းက ဘန်ကောက်ကို သွားလည်ကြတော့ သမီးအတွက်ပစ္စည်းတွေလည်း ဝယ်တာပေါ့။ သမီးရဲ့ ရေချိုးတဲ့စင်က ထွန်းထွန်းကိုယ်တိုင် ပုခုံးပေါ်ထမ်းပြီး လေဆိပ်ကို သယ်လာတာ။ သူ့ဦးလေးတွေနဲ့ကတော့ အဆင်ပြေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Kyaw Kyaw Bo

ကျော်ကျော်ဗိုလ်ရဲ့ မိဘ၊ ဘိုးဘွားတွေကလည်း အနုပညာသမားတွေပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း အနုပညာလောကထဲက အနုပညာရှင်တွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

“ ကျွန်တော် ငယ်ငယ်တုန်းကလည်း ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းက အနုပညာသမားတွေ၊ အနုပညာလောကထဲမှာပဲ ကြီးလာတာဆိုတော့ ဘယ်သူ့ကိုမှ ရှိန်နေကြောက်နေတာမျိုးတော့ မရှိဘူးပေါ့နော်။ ဘဘဦးညွှန့်ဝင်းဆိုလည်း ရုပ်ရှင်မင်းသားမို့လို့ ကြောက်နေတာမျိုးမရှိဘူး။ ကိုယ့်ဘကြီး၊ ကိုယ့်ဦးလေးတွေနဲ့ ပတ်သက်တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေဆိုလည်း အမျိုးတွေလိုပဲ သဘောထားမိသွားတယ်ပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Kyaw Kyaw Bo

လက်ရှိမှာလည်း ကျော်ကျော်ဗိုလ်ရဲ့ သမီးလေးဟာ နိုင်ငံခြားသီချင်းတွေကိုတောင် ကျွမ်းကျွမ်းကျင်ကျင် သီဆိုနေတာ တွေ့ရပါတယ်။ သမီးဖြစ်သူရဲ့ ဂီတ ဝါသနာအပေါ်မှာလည်း ကျော်ကျော်ဗိုလ်က အခုလို သုံးသပ်ပြောပြလာပါတယ်။

“သူ့အရွယ်လေးနဲ့ အသံအနေအထားတွေ၊ Key တွေ မှန်အောင်ဆိုနိုင်တာက ကျွန်တော်ချီးကျူးပါတယ်။ အသံခိုးစရာရှိတာလေးတွေခိုးတယ်။ ဒါက သင်တန်းမတက်ရသေးခင် ဆိုနေတဲ့ အနေအထားကတော့ တော်တော်လေးကို အဆင်ပြေတယ်လို့ထင်တယ်။ ဒါကလည်း သူ့ ဗီဇ ပါလာလို့ပေါ့နော်” ဆိုပြီးတော့ နိုဝင်ဘာ ၁၄ ရက်နေ့က “အဟောင်း”ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့ပါတယ်။

Photo: Kyaw Kyaw Bo

နိုင်ငံကျော် ရွှေမန်းဦးတင်မောင်၊ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းတို့ရဲ့ အနုပညာမျိုးဆက်တွေထဲမှာ ကျော်ကျော်ဗိုလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က