ထွန်းထွန်းကတော့ သတို့သားအရံ ပြုလုပ်ပေးခဲ့ပါတယ်။

အဆိုတော် သက်အောင်(Examplez) ကတော့ ၉ နှစ်အကြာတွဲခဲ့တဲ့ ချစ်သူလေး မစံထက်အောင်ဝင်းနဲ့ ဒီနေ့( နိုဝင်ဘာလ ၉) ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။ Example အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

Examplez အဖွဲ့ဝင် သက်အောင် နဲ့ ချစ်သူလေး စံထက်အောင်ဝင်းတို့ကတော့ နိုဝင်ဘာလ ၉ ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုတော် ထွန်းထွန်း နဲ့ စံရတီမိုးမြင့်တို့က သတို့သားအရံ၊ သတို့သမီးအရံတွေအဖြစ်ပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက် သရုပ်ဆောင် သွန်းဆက်ကတော့ မင်္ဂလာပန်းများ ကြဲပေးခဲ့တာဖြစ်ပြီး သရုပ်ဆောင် ဆောင်းဝတ်ရည်မေကတော့ မင်္ဂလာ လက်စွပ် ကလပ်ကို ကိုင်ပေးခဲ့တာ တွေ့ရပါတယ်။ 



မင်္ဂလာဦးဇနီးမောင်နှံကလည်း ဒီနေ့မှာ အရမ်းကို ရင်ခုန်ပျော်ရွှင်နေမိတယ်လို့ မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ဒီနေ့ကတော့ အရမ်းပျော်ရတဲ့ နေ့လေးတစ်နေ့ပါ။ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ရတယ်။ ဆန္ဒနဲ့ လက်တွေ့နဲ့ တကယ်ကို ထပ်တူကျတဲ့ နေ့လေး တစ်နေ့ပါပဲ’’ ဆိုပြီးတော့ သတို့သား သက်အောင်(Examplez) က ပြောပါတယ်။ သတို့သမီးလေး စံထက်အောင်ဝင်းကလည်း ‘’ ဒီနေ့ မင်္ဂလာပွဲမှာ အရမ်းတွေ စိတ်လှုပ်ရှားပြီးတော့ ရင်ခုန်နေတယ်။ ပြုံးဖို့တောင် မေ့နေတယ်’’ ဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

အဲဒီနောက် အဆိုတော် သက်အောင်ရဲ့ မင်္ဂလာပွဲကို တက်ရောက်လာတဲ့ No အဖွဲ့ဝင်တွေဖြစ်တဲ့ ရည်မွန်နဲ့ ရတနာတို့ကလည်း မင်္ဂလာဆုတောင်းစကားပြောခဲ့ပါတယ်။

‘’ ဇနီးမောင်နှံ နှစ်ယောက်စလုံး ချစ်ချစ်ခင်ခင်နဲ့ အိုအောင် မင်းအောင် ပေါင်းနိုင်ကြပါစေ’’ ဆိုပြီးတော့ ရတနာက ဆုတောင်းပေးခဲ့ပါတယ်။ ရည်မွန်ကလည်း ‘’ သက်အောင်ရော၊ ညီမလေးရော ချစ်သက် ၁၂၀ တိုင်ပါစေ။ ဒီ့ထက်ပိုပြီးတော့လည်း အများကြီး ချစ်နိုင်ကြပါစေ’’ ဆိုပြီးတော့လည်း ဆုတောင်းစကား ဆိုခဲ့ပါသေးတယ်။

Examplez အဖွဲ့ဝင်ဖြစ်တဲ့ ထွန်းထွန်းကတော့ သက်အောင်နဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူပါ။ ဒီမင်္ဂလာပွဲမှာတော့ သူက သတို့သားအရံလုပ်ပေးခဲ့ပါတယ်။ ထွန်းထွန်း၊ ထူးကျော်နဲ့ ဖြိုးမောင် တို့ကလည်း သက်အောင်အတွက် မင်္ဂလာ ဆုတောင်းစကားတွေ ပြောပြခဲ့ကြပါတယ်။

‘’ ဂုဏ်ယူပါတယ်။ သက်အောင် ချစ်တဲ့ သူနဲ့ လက်ထပ်ခွင့်ရတယ်။ အရမ်းလည်း ဝမ်းသာပါတယ်’’ ဆိုပြီးတော့ ထွန်းထွန်းက ပြောပါတယ်။ ထူးကျော်ကလည်း ‘’ အရမ်းဝမ်းသာပါတယ်။ တစ်သက်လုံး ရိုးမြေကျ ပေါင်းရပါစေလို့လည်း ဆုတောင်းပေးပါတယ်’’ လို့လည်း မင်္ဂလာဆုတောင်းစကား ဆိုခဲ့ပါတယ်။ အဲဒီနောက် ဖြိုးမောင်ကလည်း ‘’ဝမ်းသာပါတယ်။ သူချစ်တဲ့သူနဲ့ တစ်သက်လုံး ရိုးမြေကျ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်’’ လို့ သူက ပြောပါတယ်။

သက်အောင်ကတော့ အဆိုတော် အဖွဲ့ဖြစ်တဲ့ Examplez အဖွဲ့ဝင်တွေထဲက အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ပြီး စီးပွားရေးကို ပိုဦးစားပေးခဲ့တာ အရမ်းကို ကြာခဲ့ပါပြီ။ အခုဆိုရင်တော့ ချစ်ရတဲ့ ချစ်သူလေး စံထက်အောင်ဝင်းနဲ့ ချစ်သူသက်တမ်း ၉ နှစ်အကြာမှာ လက်ထပ်ပွဲ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က