တစ်ယောက်နဲ့တစ်ယောက် မနာလို မဖြစ်ကြဘူး။

ချောရတနာက ငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေ အကြောင်းပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မနာလိုတဲ့စိတ် မရှိကြဘူးလို့ ဆိုပါတယ်။

Photo: Chaw Yadanar



ချောရတနာကတော့ အခုရက်ပိုင်းမှာ ငယ်ငယ်က ဓာတ်ပုံလေးတွေ ပြန်တင်ဖြစ်တဲ့အကြောင်းကို ပြောပြလာပါတယ်။ သူနဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံလေးအကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယ်။

“ သူငယ်ချင်းက ကိုယ့်ကို အရင်တုန်းကပုံလေးကို Chat Box ကနေ ပို့ပြီးတော့ ဒီပုံလေး မှတ်မိလားပေါ့။ သြော်.. ငါတို့ ငယ်ငယ်တုန်းက ပုံလေးပဲ ဆိုပြီးတော့ အမှတ်တရ အနေနဲ့ Facebook မှာ တင်လိုက်တာပါ။ ဒီ ၄ ယောက်ကတည်း ဟိုးအရင်ကတည်းကနေ အခုထိ မခွဲဘူး၊ ချစ်ချစ်ခင်ခင် အမြဲတမ်းရှိနေတဲ့အခါကျတော့ ဝမ်းသာသွားတာပါ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Chaw Yadanar

ငယ်သူငယ်ချင်းတွေ ဖြစ်တာကြောင့်လည်း သာမန်ထက် ပိုရင်းနှီးကြတယ်လို့ ချောရတနာက ပြောပါတယ်။ အဓိက ကတော့ ပြောမနာဆိုမနာဖြစ်ကြတာလေးက ပြောစရာကောင်းတယ်လို့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

“ တစ်ယောက်နဲ့တစ်ယောက်လည်း မနာလိုစိတ်တွေ မရှိဘူး။ သူငယ်ချင်းတွေအကုန်လုံးကလည်း ပြောမနာ ဆိုမနာပေါ့နော်။ သူတို့ကလည်း ကိုယ့်ကို ရက်ရက်စက်စက်တွေပြောတာ၊ ကိုယ်ကလည်း သူတို့ကို ရက်ရက်စက်စက်တွေ ပြောတာ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် စိတ်နာလားဆိုတော့ မနာဘူး။ စိတ်ကောက်ရင်လည်း မကြာဘူး၊ ပြန်ချော့စရာလည်း မလိုဘူး။ တစ်ယောက်နဲ့တစ်ယောက် ပြန် Hi လိုက်တာနဲ့ အဆင်ပြေသွားပြီ” လို့ သူကဆိုပါတယ်။

Photo: Chaw Yadanar

သူငယ်ချင်းတွေ အချင်းချင်းကတည်း မျှမျှတတရှိတယ်လို့ ချောရတနာက ပြောပါတယ်။ နှစ်ပေါင်းများစွာ သူငယ်ချင်း သံယောဇဉ် ခိုင်မာနေတဲ့ အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါတယ်။

“ အနစ်နာခံတာကလည်း တစ်ဖက်သတ်ကြီးခံရတာမဟုတ်ဘူး။ အကုန်လုံးက မျှခံရတာပဲ။ ဒါကြောင့်ပဲ ဒီနေ့အထိ လက်တွဲမြဲနေတယ်လို့ အစ်မ ယုံကြည်တယ်။ အစ်မ ကိုယ်တိုင်ကလည်း သူငယ်ချင်းလည်းနည်းတယ်။ ရှိတာမှ ဒီ ၄ယောက်တည်းပဲ” ဆိုပြီးတော့ နိုဝင်ဘာလ ၁၄ ရက်နေ့က သူမရဲ့ ကြော်ငြာရိုက်ကွင်းလေးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Bling Bling

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က