" မင်းမရှိတဲ့ နောက်" သီချင်းအတူတူ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Annie ကတော့ The Voice Myanmar (Season-3) Blind Auditions မှာ နီနီခင်ဇော်နဲ့ စုံတွဲ သီဆိုခွင့်ရခဲ့တာ စိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။ 

Photo: Annie



အွန်လိုင်းစာမျက်နှာပေါ်မှာ Cover Song တွေ သီဆိုရင်း ပရိသတ်တွေ သိထားပြီးသား အဆိုဝါသနာပါတဲ့ Annie ဟာ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ " မင်းမရှိတဲ့ နောက်" ဆိုတဲ့ သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။ 

အဲဒီနောက် အကဲဖြတ် ဒိုင်တစ်ဦးဖြစ်တဲ့ နီနီခင်ဇော်ကလည်း ဒီသီချင်းကို Annie နဲ့ တွဲဆိုခဲ့တဲ့ အပေါ် Annie က စိတ်လှုပ်ရှားနေခဲ့ရတာလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ မနီနီနဲ့အတူ ဖျော်ဖြေခွင့်ရတဲ့ ခံစားချက်က အရမ်းကို စိတ်လှုပ်ရှားခဲ့တာပါ။ ပထမဆုံး မနီ စင်ပေါ်ကိုတက်လာတဲ့ အချိန်မှာ စကားလာပြောတယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် မနီက သီချင်းဆိုလိုက်တဲ့ အချိန်မှာ ဝါးကနဲဖြစ်၊ အရမ်းကိုပျော်သွားတယ်။ ပြီးတော့ မနီသီချင်းဆိုတာကို အပြင်မှာတွေ့ခွင့်ရတဲ့အတွက် အရမ်းပျော်တယ်။ စင်ပေါ်မှာ မနီနဲ့ အတူတူ သီဆိုခွင့်ရတဲ့အတွက် အရမ်းကို ပျော်ပါတယ်။ တကယ်ကို စိတ်လှုပ်ရှားပြီး ပျော်ခဲ့ရတာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Annie

Annie ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ အကဲဖြတ် ဒိုင်လူကြီး(၄) ဦးစလုံး လှည့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Annie ကတော့ အဆိုတော် ကျားပေါက်ရဲ့ Team ကို ရွေးချယ်လိုက်တယ်လို့ ဆိုပါတယ်။ 

“ ကိုကျားရဲ့ Team ကို ရွေးချယ်လိုက်တာကလည်း တကယ်လို့ ကိုကျားသာ လှည့်ကြည့်ခဲ့မယ်ဆိုရင် အစကတည်းက ကိုကျားရဲ့ Team ကို ရွေးချယ်မယ်လို့ စဉ်းစားထားပြီးသားပါ။ လူငယ်တစ်ယောက်အနေနဲ့ ပြောရရင် ဖန်တီးမှု အပိုင်းတွေကို လုပ်ရတာ လေ့လာရတာ ပိုကြိုက်တယ်။ ကိုကျားရဲ့ ဂီတဖန်တီးပုံဖော်တဲ့ ပုံစံတွေကို အားကျတဲ့သူဖြစ်တဲ့အတွက် ကိုကျားကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ညီမကိုယ်တိုင်က တကယ်လို့ ချစ်ခြင်းမေတ္တာကို ခံစားရတယ်ဆိုရင် ညီမ ခံစားရတဲ့ အတိုင်း အချစ်သီချင်းတွေ ဆိုတယ်။ အမှန်အတိုင်းပြောရရင် အဆွေးသီချင်းတွေ ဆိုတာ များပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: The Voice Myanmar

Annie ဟာ ၂၀၁၇ လောက်ကတည်းက သူမကြိုက်နှစ်သက်တဲ့ အင်္ဂလိပ်သီချင်းလေးတွေကို Cover Song အဖြစ် သီဆိုရင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန်လည် မျှဝေခဲ့ရာမှာ ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ The Voice Myanmar(Season-3) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က