ရှပ်ရှင်သီချင်းကိုလည်း အတူတူဆိုရမှာပါတဲ့။

"အိပ်မက် ကာရန်" ရုပ်ရှင်ကားကြီးထဲမှာ နေတိုးက ကိုယ်တိုင် သီချင်းတွေဆို၊ ကိုယ်တိုင် က တဲ့ သရုပ်ဆောင်မှုတွေ ပါဝင်မယ့်အကြောင်းပြောလာပါတယ်။ 

Photo: Ni Ni Khin Zaw



နေတိုးကတော့ “ အိပ်မက် ကာရန်”ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဂီတမှူးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ နေတိုး အတွက် အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့ရမယ့် ရုပ်ရှင်ကားကြီး တစ်ကားဖြစ်တဲ့အကြောင်း ပြောပြလာပါတယ်။ 

“ ဒီဇာတ်ကားထဲမှာ Music အမျိုးအစားကလည်း တော်တော်လေး စုံတဲ့အခါကျတော့ ကရတဲ့ ဟန်ချက်လေးတွေ၊ မှားနေတာလေးတွေကို ကျော်ဖြတ်ပြီး ရှေ့ဆက်သွားရတဲ့အရာလေးတွေရှိတယ်။ နီနီ့သီချင်းတွေကိုလည်း နားထောင်ဖြစ်တယ်။ အခု ဇာတ်ကား အတူတူရိုက်ရမှာဆိုတော့ ပိုပြီးတော့ နားထောင်ဖြစ်တာပေါ့။ သီချင်းကြိုသွင်းတဲ့အချိန်မှာ တချို့ဟာတွေဆို ကျွန်တော် မဆိုဖူးတဲ့ သီချင်းအမျိုးအစားတွေလည်း ပါနေတော့ ခက်ခဲမှုတွေ အများကြီးရှိတာပေါ့။ ဒီအခက်အခဲတွေကို ကျော်ဖြတ်ပြီး အကောင်းဆုံးကြိုးစားနေကြပါတယ်” လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

နေတိုးဟာ “အိပ်မက်ကာရန်”ရုပ်ရှင်ကားကြီးထဲက ဇာတ်ဝင်တေးသီချင်းကို သူကိုယ်တိုင် သီဆိုသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း အများကြီးလုပ်ခဲ့တယ်လို့ နေတိုးက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ သီချင်းတွေလည်း ဆိုရသလို အကတွေလည်း ကရမယ်လို့ သိရပါတယ်။ “အိပ်မက် ကာရန်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကတည်းက စတင်ရိုက်ကူးနေကြပြီလို့ သိရပါတယ်။ ဒီဇာတ်ကားဟာ နီနီခင်ဇော်ရဲ့ ဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ 

အိပ်မက်ကာရန် ရုပ်ရှင်ကားကြီးဟာ အနုပညာနဲ့ ပတ်သက်ပြီး ကြိုးစားချင်စိတ်ရှိသူတွေအတွက် ခွန်အားပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်လာနိုင်တယ်လို့ နေတိုးက ပြောပါတယ်။ 

“ကျွန်တော်ကတော့ ဒီဇာတ်ကားထဲမှာ ဂီတသင်တန်းဖွင့်ထားတဲ့သူတစ်ယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာပါ။ ပေးချင်တဲ့ Message ကတော့ လူတိုင်းက ကိုယ်သွားချင်တဲ့ ပန်းတိုင်ဆိုတာရှိတယ်။ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုကို တစ်ချိန်ချိန်မှာ ဖြစ်ရမယ်ဆိုတဲ့ စိတ်ကူး၊ ကာရန်ညီတဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ ကြိုးစားတဲ့ လူငယ်တွေရဲ့အကြောင်းကို ရိုက်ကူးမှာဖြစ်ပါတယ်။ ဂီတနဲ့ သက်ဆိုင်တဲ့အရာပေါ့နော်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က “အိပ်မက် ကာရန်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က