သူမကိုယ်တိုင်ကလည်း ဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။

ယွန်းယွန်းကတော့ နိပေါနိုင်ငံရဲ့ ခရီးသွား သံတမန်အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရပါပြီ။ သူမကိုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ခန့်အပ်လွှာပေးခဲ့တာပါ။

Photo: Ko Phonn



ယွန်းယွန်းအတွက်ကတော့ ၂၀၂၀ နှစ်အစမှာ ကံကောင်းမှုတွေနဲ့ စတင်လိုက်ပြီဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ သူမကို နိပေါနိုင်ငံရဲ့ ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခြင်း ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“Nepal နိုင်ငံရဲ့ Visit Nepal Year 2020 အတွက် Tourism Goodwill Ambassador အဖြစ်ခန့်အပ်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်ရှင့်” ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါတယ်။ Ambassador ခန့်အပ်လွှာကိုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင်က ခန့်အပ်လွှာပေးခဲ့တာပါ။ အဲဒီနောက် ယွန်းယွန်းဟာ နိပေါ သံအမတ် နဲ့ ဇနီးဖြစ်သူ တို့နဲ့ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသေးတယ်။

Photo: Ko Phonn

သူမဟာ ကလေးသရုပ်ဆောင် ယွန်းယွန်း ဆိုတဲ့ဘဝကတည်းက အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်လာတဲ့ သူဖြစ်ပါတယ်။ ဒီနေ့ အချိန်ထိလည်း ပရိသတ်တွေရဲ့ အချစ်သာမက အနုပညာရှင်များစွာတို့ရဲ့ အချစ်လည်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။

‘’ အနုပညာရှင်တော်တော်များများကတော့ ညီမနဲ့ အလုပ်တွဲလုပ်တုန်းက ကလေးလေးပဲပေါ့နော်။ ကလေးဆိုတော့လည်း ဖြူစင်ကြတယ်။ အဲဒီတော့ ညီမကို ချစ်တဲ့သူတွေက များတယ်။ အခုလို အရွယ်ကြီးမှ တွေ့ရမယ်ဆိုရင်တော့ ချစ်ချင်မှ ချစ်ကြမှာပေါ့နော်။ ဒါပေမယ့် ကလေးသေးသေးလေးတုန်းကတည်းက ချစ်ကြတဲ့ လူတွေရှိတော့ ညီမ ကံကောင်းတာပေါ့နော်’’ လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Ko Phonn

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က