loading...

loading...

loading...

ငယ်ငယ်ကတည်းက ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံခဲ့ရတယ်။
Sabal Thwin

မေမြတ်နိုးကတော့ သူမရဲ့ ခန္ဓာကိုယ်ကို နောက်ထပ် ၁၀ နှစ်အထိ ထပ်မဝအောင် ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။ 

Photo: May Myat Noe

သရုပ်ဆောင် မေမြတ်နိုးဟာ သူမရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး တိုက်ခိုက်ခံရတာတွေရှိတယ်လို့ ဆိုပါတယ်။ ကျောင်းတက်တဲ့အရွယ်မှာလည်း သူငယ်ချင်းတွေရဲ့ ဝေဖန်မှုခံခဲ့ရသလို အနုပညာအလုပ်တွေ လုပ်ပြန်တော့လည်း ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ကြုံခဲ့ရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ Body Shaming ကတော့ တစ်သက်လုံးအပြောခံနေရတာ။ ငယ်ငယ်တုန်းကဆိုရင် အတန်းထဲမှာ အရပ်အရှည်ဆုံးမို့လို့ အရပ်ကလန်ကလားကြီးနဲ့ ဝါးလုံးတို့၊ ဘာတို့ အပြောခံရတာ။ အသက်ကြီးလာတော့လည်း မြန်မာနိုင်ငံမှာက မော်ဒယ်လ်တွေ၊ မင်းသမီးတွေ ဆိုတာက ကိတ်တဲ့သူတွေကြားမှာ မော်ဒယ်လ်စဖြစ်တယ်၊ မင်းသမီးစဖြစ်တယ်ဆိုတော့ အရမ်းပိန်တာပဲလို့ အပြောခံရတယ်။ အဲဒီတော့ ကိုယ့်မှာရှိတဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်ပျော်အောင်နေတယ်” လို့ ဆိုပါတယ်။ 

Photo: May Myat Noe

မေမြတ်နိုးကတော့ သူမရဲ့ ခန္ဓာကိုယ်ကို နှစ်သက်တဲ့သူတွေနဲ့ အလုပ်လုပ်ရတာ အရမ်းပျော်နေပုံပါပဲ။ ဒီခန္ဓာကိုယ်ဟာ နိုင်ငံတကာမှာရှိတဲ့ Model လောကထဲမှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိတယ်လို့လည်း သူက ပြောပါတယ်။ 

“အမှန်အတိုင်းပြောရမယ်ဆိုရင် မြတ်နိုးရဲ့ ခန္ဓာကိုယ်ကို အရမ်းသဘောကျတယ်။ နိုင်ငံခြားမှာဆိုရင် မြတ်နိုးရဲ့ ခန္ဓာကိုယ်က ကွက်တိပဲ။ လုံးဝ ကြီးနေတာလည်းမဟုတ်ဘူး၊ သေးနေတာလည်းမဟုတ်ဘူး Model တစ်ယောက်အနေနဲ့ ကွက်တိကျနေတဲ့ ခန္ဓာကိုယ်ဖြစ်နေတယ်။ စင်ကာပူက မြတ်နိုးရဲ့ အေဂျင်စီကပြောတယ် နင် ဒီ့ထက်ကြီးလို့မရဘူး ကွက်တိဖြစ်နေတယ်။ ဒီ့ထက်ကြီးရင် အဆင်ပြေမှာ မဟုတ်ဘူး ဝိတ်ချရမယ်ဆိုတော့ နိုင်ငံတကာက Model Size ကို ကွက်တိရထားတဲ့အတွက် အရမ်းပျော်တယ်။ ဒီခန္ဓာကိုယ်ကို နောက်ထပ် ၁၀ နှစ်လောက်အထိ ထိန်းထားဖို့လည်း အစီအစဉ်ရှိပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ T App မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Ryan Soul

သူမရဲ့ ခန္ဓာကိုယ်ကတော့ ဘုရားပေးတဲ့ ကံကောင်းခြင်းတစ်မျိုးပဲလို့ မေမြတ်နိုးက ပြောပြလာပါတယ်။ အစားအသောက်ကို အများကြီးထိန်းတဲံ သူမအတွက်တော့ အများကြီးအဆင်ပြေတယ်လို့ သူက ဆိုပါတယ်။ 

“ ညီမက အစားအသောက်လည်း အရမ်းကြီးမသောင်းကျန်းဘူး။လူတိုင်းက ကိုယ့်အကြိုက်နဲ့ကိုယ်ပဲလေ။ သူများပိန်လို့ ကိုယ်လိုက်ပိန်တယ်၊ သူများတွေဝလို့ ငါလည်း ဝရမယ်၊ သူများတွေ ကိတ်လို့ ငါလည်း ကိတ်ရမယ် ဆိုတဲ့ စိတ်မျိုး မထားသင့်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့အရာနဲ့ ကိုယ့်ရဲ့ စိတ်ကို ပျော်ရွှင်အောင်လုပ်ရင်တော့ Very good life style လို့ ပြောလို့ရပါတယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo: Ryan Soul

မေမြတ်နိုးဟာ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူမကိုတော့ ‘’အိပ်မက်ဆုံရာ Season-6’’ သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် Miss Asia Pacific World 2014 ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။ နောက်ထပ်လည်း ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မျာ နဲ့အတူ ''Invincibl e'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က