လွန်ခဲ့တဲ့ နှစ်(၂၀) ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြတာပါတဲ့။

သရုပ်ဆောင်ဘုန်းလျှံကတော့ သူ့ရဲ့ မွေးနေ့မှာ ချစ်သူလေးနဲ့ လက်ထပ်တော့မယ့်အကြောင်း ပြောပြလာပါတယ်။ 

Photo: Aroma



သရုပ်ဆောင် ဘုန်းလျှံကတော့ နိုင်ဝင်ဘာလ (၆) ရက်နေ့မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့အမှတ်တရအဖြစ် ချစ်သူဖြစ်တဲ့ မေသင်းမောင်နဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။ လက်တွဲဖော် မိန်းကလေးနဲ့ လွန်ခဲ့တဲ့ နှစ်(၂၀) လောက်ကတည်းချစ်သူတွေ ဖြစ်ကြတာလို့ ဘုန်းလျှံက Duwun ကနေ ပြောပြလာပါတယ်။

“ " အစ်ကို့မွေးနေ့ဖြစ်တဲ့ (၁၁)လပိုင်း (၆) ရက်နေ့မှာ မင်္ဂလာလက်မှတ်ထိုးမယ်။ (၇) ရက်နေ့မှာပဲ အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးမယ်။ ဧည့်ခံပွဲကိုတော့ နှစ်ကုန်ပိုင်းလောက်မှ လုပ်ဖြစ်မယ်။ အစ်ကိုလည်း ပိုက်ဆံစုရဦးမှာပေါ့နော်။ သူနဲ့ အစ်ကိုနဲ့ကြိုက်ခဲ့တာကလည်း လွန်ခဲ့တဲ့ နှစ်(၂၀) လောက်ကတည်းကပေါ့နော်။ ထောင်ထဲကနေ ပြန်ထွက်လာပြီးတဲ့ အချိန်မှာ မေ နဲ့ ပြန်တွေ့ပြီးတော့ ပြန်တွဲတယ်” ဆိုပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့က အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Aroma

ဘုန်းလျှံ နဲ့ မမေသင်းမောင်တို့ဟာချစ်သူသက်တမ်း(၂) နှစ်အကြာ ချစ်ခဲ့ကြတဲ့ ချစ်သူတွေပါလို့ ဘုန်းလျှံက ပြောပါတယ်။ သူမနဲ့ လမ်းခွဲခဲ့ပြီးတဲ့ အချိန်မှာ ချစ်သူတွေ ရှိခဲ့ဖူးပေမယ့် ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်တဲ့ အချိန်မှာတော့ မမေသင်းမောင်ကို ရွေးချယ်ခဲ့တာပါလို့ ဘုန်းလျှံက ဆက်လက်ပြောပြလာပါတယ်။  

“ သူက အရမ်းနားလည်ပေးနိုင်တဲ့ မိန်းကလေးတစ်ယောက်ပါ။ အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်တဲ့ မိန်းကလေးထဲမှာ ပါတယ်။ ပြီးတော့ အကြံဉာဏ်ကောင်းမြောက်မြားစွာကို ပေးစွမ်းနိုင်တဲ့ မိန်းကလေးတွေအထဲမှာလည်း သူပါတယ်။ သူက ကိုယ့်ထက်တောင်မှ ပိုပြီးတော့ တိကျတယ်။ ကိုယ့်ထက်ပိုရင့်ကျက်တဲ့ ပုံစံလည်းရှိတယ်။ အစ်ကို့ထက် (၁၀) လကြီးတယ်” လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့တာပါ။  

Photo: Bhone Hlyan

ဘုန်းလျှံဟာ ထောင်က ပြန်ထွက်လာပြီး (၄) လအကြာမှာ ချစ်သူလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင် Pre Wedding ဓာတ်ပုံတွေတောင် ရိုက်ကူးထားပြီးဖြစ်တာကိုလည်း တွေ့ရပါတယ်။ ဘုန်းလျှံရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က