မျှော်နေတဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာပါ။

စိုးသူရဲ့ သီချင်းတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာပါ။ တစ်ကိုယ်တော်ရှိုးလည်း ပြုလုပ်မှာ ဖြစ်သလို သီချင်းသစ်တွေလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။

Photo : စိုးသူ

အနုပညာလောကမှာ  အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ စိုးသူဟာ Show ပွဲ ကြည့်ချင်နေတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ရန်ကုန်မှာ ပြုလုပ်ဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။

“ပွဲအရမ်းဆိုစေချင်နေတဲ့ ပရိသတ်တွေအတွက် ရန်ကုန်မှာလည်း တစ်ပွဲလောက်တော့ သေချာကြိုးစားပြီး တင်ဆက်သွားမယ်လို့ စိတ်ကူးပါတယ်။ ဘယ်တော့လုပ်မလဲ ဆိုတာကတော့ စဉ်းစားတုန်းပါပဲ” လို့ စိုးသူက ဇွန်လ(၂၉) ရက်နေ့က ပြုလုပ်တဲ့ ရွှေနန်းတော်ပွဲမှာ ပြောပြခဲ့တာပါ။

သူ့ရဲ့ သီချင်းတွေ နားထောင်ချင်တဲ့ ပရိသတ်တွေအတွက်လည်း သီချင်းတွေ ပြန်ထုတ်သွားမယ်လို့ ဆိုပါတယ်။

“သီချင်းလည်း ဆိုမှာပါ။ တချို့ကျတော့လည်း သီချင်းဟောင်းတွေ ပြန်ဆိုစေချင်တယ်။ ဟိုးအရင်က သီချင်းတွေ ပြန်နားထောင်ချင်တဲ့သူတွေက သီချင်းတွေ ဝယ်ရင်တောင် ဝယ်လို့မရတော့ဘူးဆိုပြီး ပြောတဲ့သူတွေ များတော့ သီချင်းဟောင်းတွေလည်း ပြန်ထုတ်ပေးဖို့ စဉ်းစားတယ်။ အရင်တုန်းကတော့ Copy တွေလည်း ဆိုဖြစ်တယ်။ အမှန်ကတော့ ကိုယ်ပိုင်သံစဉ်ပဲ ဆိုချင်တော့တယ်။ ဒါပေမယ့် ပရိသတ်တွေက သူတို့ ကြိုက်ထားတဲ့ သီချင်းတွေမှာ copy သီချင်းလေတွေလည်း ပါတော့ အဲ့ဒါလေးတွေကိုလည်း အဆင်ပြေဆုံးဖြစ်အောင် ပြန်စုပေးမယ်လို့ စိတ်ကူးထားတယ်။ သီချင်းအသစ်တွေလည်း လုပ်နေတယ်။ ကိုယ်တိုင်လည်း ရေးနေတယ်"”လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : စိုးသူ

စိုးသူဟာ အနုပညာလောကနဲ့ ဝေးကွာနေတာ ၁၀စုနှစ်ကျော်ခဲ့ပါပြီ။ သူ့အနေနဲ့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး မန္တလေးမှာရော၊ ရန်ကုန်မှာပါ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားပါသေးတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး ပထမဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် တရားလားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က