လိုအပ်တဲ့ ဆေးပစ္စည်းတွေလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Covid-19 ကာလမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေနဲ့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့တဲ့အကြောင်း သရုပ်ဆောင် ပွင့်နဒီမောင်က အဖွဲ့သားတွေကိုယ်စားပြောပြလာပါတယ်။ 

သရုပ်ဆောင် ပွင့်နဒီမောင်ဟာ အနုပညာရှင်များစွာ ပါဝင်ထားတဲ့ မေတ္တာအင်္သချေ ပရဟိတ အဖွဲ့နဲ့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေနဲ့အလှူငွေ (၁၀) သိန်း (၆) သောင်း တို့ကို သွားရောက် လှူခဲ့တဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 



“ ပိုးအိတို့ မေတ္တာအင်္သချေရဲ့ဒီလ အလှူမှာ နေရာရွေးပြီးလှူဖို့ကို ကိုစစ်သွေးက မဲဖောက်ခဲ့တာပါ။ သူက ပြည်သူ့ ဆေးရုံကြီးမှာ လှူချင်တယ်ဆိုတာနဲ့ ခွဲစိတ်တဲ့နေရာမှာ လိုအပ်တဲ့ PPE ၊ Surgical gown၊ Surgical face mask တွေ လိုတယ်ဆိုတော့ ကိုစစ်သွေးကို ပြောပြပြီး ကိုယ်တွေက ကိုယ်စားလှူပေးဖြစ်ခဲ့တာပါ။ အဖွဲ့ဝင် (၅၃) ယောက်ဆိုတော့ (၁၀၆၀၀၀၀) ဆယ်သိန်း ခြောက်သောင်းရတယ်”လို့ ဇွန်လ (၁) ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အလှူလုပ်ရင်း ဖြေဆိုခဲ့တာပါ။ 

မေတ္တာအင်္သချေ အဖွဲ့မှာ သရုပ်ဆောင်တွေ နဲ့ အဆိုတော် တွေအများဆုံး ပါဝင်ကြတယ်လို့ ပွင့်နဒီမောင် ကပြောပါတယ်။ စိတ်တူ ကိုယ်တူ အလှူအတန်းတွေ လုပ်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

"ဒီအလှူကတော့ မေတ္တာအင်္သချေ အဖွဲ့ရဲ့ (၄) ကြိမ်မြောက်အလှူပါ။ အများကြီး မလှူနိုင်ပေမယ့် လစဉ်အလှူလေး လုပ်သွားချင်တဲ့ ဆန္ဒကြောင့် တခြား သူငယ်ချင်းတွေကို လိုက်ပြောတယ်။ သူတို့ကလည်း ဒီလို အလှူလေး လုပ်ချင်နေကြတာဆိုတော့ စိတ်တူကိုယ်တူပါဝင်လာကြတယ်။ ဒီအဖွဲ့ထဲမှာ အဆိုတော်ရော၊ သရုပ်ဆောင်တွေရော အပြင်က ရင်းနှီးခင်မင်တဲ့ မိတ်ဆွေ တွေလည်း ပါတယ်။ လှူတဲ့ နေရာတွေကိုတော့ တစ်ယောက်ခြင်းစီ မဲနှိုက်ကြတယ်။ မဲနှိုက်လို့ ပေါက်တဲ့နေရာကို အတူတူ သွားလှူကြတယ်။ တတ်နိုင်သလောက် အင်အားလို့တော့ ပိုးအိက မြင်ပါတယ်။ တခြား ရန်ကုန်အတွင်း ဘယ်နေရာတွေမှာ လိုအပ်တယ်ဆိုတာကိုလည်း Facebook Post အောက်မှာ Comment တွေမှာ ရေးသွားလို့ရပါတယ်”လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

ပွင့်နဒီမောင်ကတော့ Covid ကာလမှာ အနုပညာမောင်နှမဖြစ်တဲ့ ထူးခြားနဲ့အတူ ဝက်နံရိုးမီးတောက် ရောင်းနေတာကို တွေ့ရပါတယ်။ သူမကိုယ်တိုင်လည်း Delivery လိုက်ပို့နေတယ်လို့ သိရပါတယ်။ ပွင့်နဒီမောင်ကတော့ တစ်ခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးချော တစ်ယောက်ဆိုရင် မမှားပါဘူး။ သူမကိုတော့ Music Video တွေမှာ အမြဲတမ်း တွေ့ရတတ်ပါတယ်။ ပွင့်နဒီမောင်ဟာ TV ကြော်ငြာတွေလည်းရိုက်ခဲ့သူဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ လည်း ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ နီးပါးရှိပါပြီ။ အခုချိန်ထိလည်း အနုပညာအလုပ်တွေ လုပ်နေတဲ့သူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က