ကလေးက ၁ လခွဲပဲရှိသေးတယ်။

နန်းသူဇာကတော့ နန်းမြတ်ရဲ့ သားလေးကို အရမ်းတွေ ချီချင်နေပါပြီတဲ့။ နန်းမြတ်ကလည်း သားလေးက တစ်လခွဲပဲရှိသေးလို့ အပြင်မသွားသေးဘူးလို့ ဆိုပါတယ်။

Photo: Nan Myat Phyo Thin



နန်းသူဇာတစ်ယောက် သူငယ်ချင်းဖြစ်သူ နန်းမြတ်ဖြိုးသင်းရဲ့ သားလေး Jack Jack ကို အရမ်းချစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ Jack Jack လေးကိုလည်း အရမ်းချီချင်နေပြီလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’အရမ်းလည်းချီချင်နေပြီ။ နန်းသူဇာက ကလေး သေးသေးလေးတွေဆိုရင် မချီနိုင်သေးဘူး၊ သူလည်း ထိန်းလို့မရသေးတဲ့ အရွယ်ဆိုတော့လေ။ ချီလို့ရတဲ့အရွယ်ဆိုရင်တော့ ချီချင်နေပြီ။ အခုဆိုရင် အကုန်လုံးက ဝိုင်းချစ်တာပေါ့နော်။ အရမ်းချစ်ဖို့ကောင်းတယ်။ ဗိုက်ထဲမှာ ပိစိလေးကနေ အခု ထွက်လာတဲ့အထိ နန်းမြတ်နဲ့အတူ လိုက်လုပ်နေရတာဆိုတော့ ခံစားချက်က ပြောပြလို့တောင်မရဘူး’’ လို့ သူကဆိုပါတယ်။

Photo: Nan Myat Phyo THin

အဲဒီနောက် နန်းမြတ်ဖြိုးသင်းကလည်း သားလေး Jack Jack ကို မွေးပြီးတဲ့နောက်မှာတော့ အပြင်သွားလေ့ သွားထ မရှိတော့ပါဘူး။ သားလေးနဲ့ အပြင်ထွက်ရင်တော့ သူငယ်ချင်းတွေနဲ့ ဆုံချင်တယ်လို့ ဆိုပါတယ်။

‘’သားသားနဲ့ အခုတော့ ဘယ်မှ မသွားသေးဘူး။ ပထမဆုံးအပြင်ထွက်တဲ့နေ့ကျရင် သူငယ်ချင်းတွေ အားလုံးခေါ်ပြီးတော့ သွားကြမယ်လို့ပြောထားတယ်။ သားလေးက အခု ၁ လခွဲပဲ ရှိသေးတယ်။ အခုတော့ သားသားနဲ့ ဘယ်ကိုမှ မသွားနိုင်သေးဘူး’’ လို့ မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Nan Myat Phyo Thin

သူငယ်ချင်းဖြစ်သူ နန်းသူဇာကို အိမ်ထောင်မပြုစေချင်သေးဘူးလား ဆိုတဲ့ မေးခွန်းအပေါ်မှာလည်း နန်းမြတ်ဖြိုးသင်းက အခုလို ပြောပြခဲ့ပါသေးတယ်။

‘’ လူတွေက တစ်ယောက်နဲ့တစ်ယောက် Timeline ချင်းမတူကြဘူး။ နန်းမြတ်ရဲ့ Timeline လည်း နန်းမြတ်မှာရှိသလို၊ နန်းသူဇာရဲ့ Timeline လည်း နန်းသူဇာမှာရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဖြစ်နေတဲ့ ဘဝတွေလည်းမတူဘူး၊ စိတ်အခြေအနေလည်းမတူဘူး။ အဲဒီတော့ ကိုယ့်အခြေအနေနဲ့ကိုယ်၊ ကိုယ့်ခံစားချက်နဲ့ကိုယ်ပါပဲ’’ လို့ ဆိုပါတယ်။

Photo: နန်းမြတ်ဖြိုးသင်း

နန်းသူဇာ(Nan Thuzar)နဲ့ နန်းမြတ်ဖြိုးသင်း(Nan Myat Phyo Tin) တို့ဟာ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ သူငယ်ချင်းနှစ်ယောက်ဟာ နယ်ပယ်တစ်ခုစီမှာ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ နန်းသူဇာဟာ ဂီတဘက်မှာ ပရိသတ်အားပေးမှု ရရှိနေသူတစ်ဦးဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက ဂီတပိုင်းနဲ့စတင်ခဲ့ပေမဲ့ အခုဆိုရင် ပရိသတ်အားပေးမှု အခိုင်အမာရရှိနေတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေပါပြီ။ သူတို့နှစ်ဦး အတူတူသီဆိုထားတဲ့ "Friend" ဆိုတဲ့ သီချင်းခွေဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ သီချင်းခွေဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က