သူမရဲ့ ဈေးဗန်းခင်းပုံတွေကို ပြောပြလာပါတယ်။

‘’ဈေးဗန်းခင်းမယ်’’ သီချင်းလေးထဲမှာ ကိုယ်တိုင်လည်း ဈေးဗန်းခင်းထားတဲ့အကြောင်း မိစန္ဒီတစ်ယောက် သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Mi Sandi



မိစန္ဒီကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးဖြစ်တဲ့ ‘’ဈေးဗန်းခင်းမယ်’’ သီချင်းကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်ပါတယ်။ ဒီသီချင်းလေး ဖြစ်လာဖို့ ကြိုတင်လေ့လာခဲ့ရတဲ့ အမှတ်တရတွေကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အဲဒီသီချင်း မရေးခင်က ဈေးဗန်းခင်းပုံ ခင်းနည်းလေးတွေ တော်တော်လေ့လာခဲ့ရတယ်။ ကိုကြီးတွေဆိုရင် ညီမလေးတွေကို ဘယ်လို ဈေးဗန်းခင်းလဲ။ ဈေးဗန်းခင်းတဲ့ စကားလုံးလေးတွေကို ဘယ်လို ဆန်းဆန်းလေးဖြစ်အောင် လုပ်မလဲတို့၊ ရယ်လည်းရယ်ရအောင် ဖေ့စ်ဘွတ်တခွင် လိုက်ရှာပြီး စကားလုံးလေးတွေ စုရတယ်ပေါ့နော်။ မိစန္ဒီကတော့ သူတို့လို ပေါ်တင်ကြီး ဈေးဗန်းမခင်းဘူး၊ သီချင်းထဲမှာ ဈေးဗန်းခင်းမယ်ဆိုပြီးရေးလိုက်တာ အဓိက က ပရိသတ်တွေ ပျော်ဖို့အတွက်ပါ’’ လို့ သူကဆိုပါတယ်။

Photo: Mi Sandi

သီချင်းလေးကိုတော့ မိစန္ဒီက MTV တောင် မရိုက်ရသေးဘူးလို့ ဆိုပါတယ်။ ကာတွန်းရုပ်လေးတွေနဲ့ပဲ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာ အရမ်းအောင်မြင်ခဲ့တာကြောင့်လည်း အရမ်းဝမ်းသာတယ်လို့ သူကဆိုပါတယ်။

‘’ အခု မိစန္ဒီက Lyric Video ရိုးရိုးလေးပဲ ထုတ်ထားတာပါ။ အဲဒါတောင်မှ 1M ပြည့်သွားတယ်။ အဲဒါတင်မကဘူး ဒီသီချင်းကို ပြန်တင်တဲ့ Facebook Page တွေလည်းရှိတယ်။ You Tube တွေလည်းရှိတယ်။ Tik Tok တွေမှာလည်း ဆော့ထားတာ အများကြီးပဲ ထောင်နဲ့ သောင်းနဲ့ချီတယ်။ အဲဒီအတွက် အရမ်းဝမ်းသာပါတယ်။ အရမ်းလည်း ကျေနပ်ရတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၇ ရက်နေ့က Party Redvolution Show စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Mi Sandi

မိစန္ဒီ လိုချင်တဲ့ ချစ်သူပုံစံမျိုးကလည်း ‘’ဈေးဗန်းခင်းမယ်’’ သီချင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။ ဒါကတော့ ကိုကြီးတွေကို ဈေးဗန်းခင်းမယ့် ညီမလေး ပါပဲလို့ သူကပြောပါတယ်။

‘’ မိစန္ဒီကတော့ ဈေးဗန်းခင်းမယ် သီချင်းထဲက ကိုက်ညီတဲ့စာသားဆိုလို့ ‘ကိုကြီး မှမချစ်ဘူးဆို လုပ်တော့မယ် အပျိုကြီးပဲ’ အဲဒါက မိစန္ဒီနဲ့ ကိုက်ညီတယ်။ မိစန္ဒီက အစ်ကိုကြီးတွေကိုပဲ ချစ်တယ်။ ကိုယ့်ထက်ငယ်တဲ့ မောင်လေးတွေဆိုရင် မချစ်ရဲဘူး။ သူတို့တွေက နည်းနည်းကြောက်ဖို့ကောင်းတယ်။ အစ်ကိုကြီးတွေက တည်ငြိမ်တယ်လို့ထင်ရတယ်။ မောင်လေးတွေက မတည်ငြိမ်ဘူး။ ကိုကြီးတွေကိုပဲ သဘောကျတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: EDEN

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင်လ် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သတ္တိခဲ ဆိုတဲ့ တေးစီးရီးလည်း ထွက်ရှိလာပြီဖြစ်သလို အောင်မြင်မှုတွေလည်း ရရှိနေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က