သူမရဲ့ စိတ်ထားတွေကို ကျွန်တော်မြင်ခဲ့ရတယ်။

ရှိန်းတင်ထူးကတော့ နန်းဆုရတီစိုးနဲ့ MTV ရိုက်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ သူဟာ သိပ်မကြာခင်မှာ ရုပ်ရှင်ကားကြီးရိုက်တော့မယ်လို့ ဆိုပါတယ်။

Photo: Sheintin Htoo



ရှိန်းတင်ထူးကတော့ နန်းဆုရတီစိုးရဲ့ MTV အသစ်လေးဖြစ်တဲ့ ‘’သေလို့ရတယ်’’ ဆိုတဲ့ သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ နန်းဆုနဲ့ အလုပ်အတူတူလုပ်ခဲ့ရတဲ့အချိန်မှ အလုပ်အပေါ်ထားတဲ့ နန်းဆုရဲ့ စိတ်နေစိတ်ထားကိုလည်း မြင်ခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မနန်းဆုကတော့ အလုပ်တစ်ခု လုပ်ပြီဆိုရင် သူက စိတ်နှစ်ပြီးတော့ လုပ်တတ်တယ်။ ဒီ MTV ကို သူရိုက်ချင်တယ်ဆိုရင် စိတ်နှစ်ပြီးတော့ ရိုက်တယ်။ မျက်ရည်ဆိုရင်လည်း တကယ့် မျက်ရည်ကို သုံးတာ။ သူတကယ် စိတ်ပါဝင်စားစွာရိုက်တယ်။ မခိုဘူးပေါ့ တွေ့ဆုံလိုက်တဲ့ ခဏလေးအတွင်းမှာ မနန်းဆုရဲ့ အလုပ်အပေါ်ထားတဲ့ စိတ်ကို ကျွန်တော်မြင်လိုက်ရတာပါ’’ ဆိုပြီးတော့

Photo: Sheintin Htoo

‘’သေလို့ရတယ်’’ သီချင်း MTV လေးကလည်း အမှတ်တရတွေရှိခဲ့တယ်လို့ ရှိန်းတင်ထူးက ပြောပါတယ်။

‘’မနန်းဆုရဲ့ MTV ရိုက်တဲ့ အမှတ်တရကတော့ နေပူတာပဲ။ အဲဒီ MTV က တစ်ရက်တည်းနဲ့ မပြီးဘူး နောက်ထပ် တစ်ရက် ဆက်ရိုက်ရတယ်။ ပြီးတော့ ကျွန်တော်က ဘန်ကောက်လည်း သွားစရာရှိတယ်၊ တခြားအလုပ်လေးတွေလည်းရှိတော့ နောက်တစ်ရက် ထပ်ချိန်း၊ ကြားထဲမှာ ဘယ်နှရက်လောက်ကြာသွားလဲ မသိဘူး’’ဆိုပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့က Oppo Reno 2/ 2F မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Sheintin Htoo

ရှိန်းတင်ထူးဟာ မကြာခင်မှာလည်း ရုပ်ရှင်ကားကြီးရိုက်တော့မယ်လို့ သိရပါတယ်။ ဇာတ်လမ်း ဇာတ်ညွှန်းကိုတော့ အနည်းငယ် ဖတ်ပြီးသွားပြီလို့ သူကပြောပါတယ်။

‘’ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်။ နောက်ဇာတ်ကားတွေကျတော့ ကမ်းလှမ်းထားတာမျိုးတွေရှိတယ်။ ကျွန်တော့်ဘက်က သေချာတယ်၊ မသေချာဘူးဆိုတာ ပြန်ပြောရမှာတွေရှိတယ်။ ပြီးရင်တော့ ကြော်ငြာတွေ တောက်လျှောက်ရိုက်ဖို့ ရှိပါတယ်။ မျက်စိနာနေလို့ လက်လွှတ်လိုက်ရတဲ့ အလုပ်တွေလည်းရှိတယ်’’ လို့ ဆိုပါတယ်။

Photo: Sheintin Htoo

ရှိန်းတင်ထူးဟာ အနုပညာလောကထဲကိုမော်ဒယ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ Tik Tok ဗီဒီယိုလေးတွေကနေတဆင့် ပရိသတ်အားပေးမှု စတင်ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း တီဗီကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ရင်းကနေမှ မိန်းကလေး ပရိသတ်တွေ၊ ယောကျာ်းလေး ပရိသတ်များစွာတို့ရဲ့ အချစ်တွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ မင်းသားချောလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ကိုတော့ အပြုံးလှတဲ့ မင်းသားလို့တောင် တင်စားခေါ်နေကြတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က