ဆိုင်ကယ်ချစ်သူများအဖွဲ့နဲ့ ပူးပေါင်းသွားမှာပါ။

ထူးအယ်လင်းနဲ့အတူ ဆိုင်ကယ်ချစ်သူများအဖွဲ့က ရန်ပုံငွေဖျော်ဖြေပွဲကြီး ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကို ၂ ရက်တိုင်တိုင်ကျင်းပသွားမယ်လို့လည်း ပြောပြလာပါတယ်။

အဆိုတော် ထူးအယ်လင်းက ကွမ်းခြံကုန်းမြို့နယ်မှာရှိတဲ့ မုဒိတာအသင်း လူမှုကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဖျော်ဖြေပွဲလုပ်မယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီက Orchid Hotel မှာ စာနယ်ဇင်းအသိပေးပွဲ ပြုလုပ်ခဲ့ပါတယ်။



‘’ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်မှာ မုဒိတာအသင်း လူမှုကယ်ဆယ်ရေးကို ရန်ပုံငွေ ရှာပေးတဲ့ပွဲဖြစ်ပါတယ်။ ဆိုင်ကယ်ချစ်သူ ညီအစ်ကိုအချင်းချင်း ဆုံကြရင်း၊ လှူကြရင်း ပြုလုပ်တဲ့ ပွဲလေးလည်း ဖြစ်ပါတယ်’’ လို့ သူကဆိုပါတယ်။

ထူးအယ်လင်းနဲ့ ဆိုင်ကယ်ချစ်သူများ အဖွဲ့ဟာ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ လူမှုကူညီရေးအသင်းက ထူထောင်ထားတဲ့ မုဒိတာအသင်းကြီး ရန်ပုံငွေ မလုံလောက်တော့ဘူးလို့ ဆိုပါတယ်။ ဒီလို အခက်အခဲတွေကို ပြန်လည်ဖြည့်ဆည်းနိုင်ဖို့အတွက် ဖျော်ဖြေပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါရန်ပုံငွေ ဖျော်ဖြေပွဲကို ကွမ်းခြံကုန်းမြို့အတွင်းမှာပဲ ဆောင်ရွက်သွားမယ်လို့ ထူးအယ်လင်းက ဆက်လက်ဖြေဆိုထားပါတယ်။

‘’ ဒီပွဲကို ၂၀၁၉ ခုနှစ် ၃ လပိုင်း ၂၉ရက်၊ ၃၀ ရက် ၂ ရက်ဆက်တိုက် ကျင်းပပြုလုပ်မယ့် ပွဲလေးပါ။ အဲဒီပွဲကို ဖျော်ဖြေပွဲရော၊ မိတ်သဟာပွဲရော ကျင်းပမှာဖြစ်ပါတယ်။ ဆိုင်ကယ်ချစ်တဲ့ ညီအစ်ကိုတွေ ဆုံမယ်၊ လှူမယ်။ ဝန်းအကျယ်ကြီး စီစဉ်ထားပြီးတော့ တန့်(ခ်)ထိုးပြီးနေကြမယ်’’ လို့ ဆိုပါတယ်။

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

မုဒိတာအသင်းဟာ နေ့စဉ်နဲ့ အမျှ လူနာတွေအပေါ် ၂၄ နာရီပတ်လုံး အခမဲ့ လူနာတင်ယာဉ် နဲ့ လိုအပ်တဲ့ အကူအညီတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အဲဒီနောက် လမ်းဘေးမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကို ၂ နှစ်တိတိကျောင်းထားပေးလျှက်ရှိမှာတယ်။ ကျောင်းသားပေါင်း အယောက် ၁၂၀ ရှိပြီလို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က