အလှူအတန်းတွေ အတူတူလုပ်လာတာ (၁၀)နှစ်ကျော်ပြီ။

ခွန်းဆင့်နေခြည်ဟာ ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့မှာ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကတည်းက ပါဝင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ 

သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ ခန့်စည်သူ ပြုလုပ်တဲ့ အလှူအတန်းတွေမှာ ကုသိုလ်ပါ ဝင်လာတာကို တွေ့ရပါတယ်။ သူမဟာ မေတ္တာသင်္ဂဟ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အလှူအတန်းတွေကို အမြဲမပြတ်ဦးဆောင်လုပ်ကိုင်နိုင်တဲ့ ခန့်စည်သူ အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 



“ ကိုခန့်က ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး မေတ္တာသင်္ဂဟ ဖွဲ့ထားတာ တော်တော်ကြာပြီ။ သူက အလှူအတန်းလည်း အရမ်းလုပ်နိုင်တယ်။ တကယ်လိုအပ်တဲ့နေရာတွေမှာလည်း သူတတ်နိုင်သလောက် ဖြည့်ဆည်းပေးနေတာ အစ်မတို့လည်း တွေ့နေရတာပဲ။ ကိုယ်တိုင်မပါဝင်ဖြစ်ပေမယ့် ကိုခန့်ရဲ့ လုပ်ဆောင်ချက်လေးတွေကို တွေ့နေတော့ လေးလည်းလေးစားတယ်၊ အားကျတယ်။ အစ်မက တကယ်ကို ထဲထဲဝင်ဝင်မလုပ်နိုင်သေးဘူး” ဆိုပြီးတော့ ခန့်စည်သူရဲ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Nay Chi

ခွန်းဆင့်နေခြည်က ပြည်ပမှာ ကျောင်းတက်နေရတဲ့ အချိန်မှာတော့ မေတ္တာသင်္ဂဟ အဖွဲ့ကလုပ်တဲ့ အလှူအတန်းတွေမှာ မပါဝင်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ မေတ္တာသင်္ဂဟ အဖွဲ့ အနေနဲ့ ဇူလိုင်(၂၅) ရက်နေ့က ဗဟိုအမျိုးသမီးဆေးရုံမှာ ပြုလုပ်ခဲ့တဲ့ အလှူမှာတော့ ခွန်းဆင့်နေခြည် ပါဝင်ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။ 

“ အစ်မက လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကတည်းက မေတ္တာသင်္ဂဟ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ အလှူအတန်းတွေ အတူတူ လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းကျတော့ နည်းနည်းလေး အလှမ်းဝေးသလိုလေး ဖြစ်သွားတော့ သိပ်မပါဝင်ဖြစ်တော့ဘူး။ ကိုခန့်ဆောင်ရွက်တဲ့ အလှူအတန်းတွေတိုင်းမှာ အနုပညာမောင်နှမတော်တော်များများကလည်း အနောက်ကနေ ပါဝင်လာတော့ ကိုခန့် ကိုယ်တိုင်လည်း အားရှိတယ်၊ မောင်နှမတွေကလည်း အားဖြည့်ပေးတဲ့ သဘောပေါ့” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။  

Photo: Nay Chi

ခွန်းဆင့်နေခြည်ကိုတော့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ မိုင်တိုင် ၇၆ ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကလည်းပရိသတ်အားပေးမှုများစွာနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာအနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က