မိသားစု ကံကောင်းဖို့လိုတယ်။
Sabal Thwin

ညီနန္ဒကတော့ အနုပညာလောကမှာ အစ်ကိုတစ်ယောက်လိုချစ်ခင်ရတဲ့ သရုပ်ဆောင် ခန့်စည်သူကို မိန်းမ ယူစေချင်ပြီလို့ ဆိုပါတယ်။ 

ညီနန္ဒဟာ ခန့်စည်သူကို ကိုယ်ပိုင်မိသားစုဘဝလေး တည်ထောင်စေချင်တယ်လို့ ဆိုပါတယ်။ မိသားစု ဆိုတာ အပူတစ်ခု မဟုတ်ဘူးလို့လည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ကိုခန့်ကိုတော့ အစ်ကိုက အစ်ကိုတစ်ယောက်လို လေးစားတယ်။ ဒါပေမယ့် သူ့ကိုတော့ မိန်းမ ယူစေချင်ပြီ။ မိသားစု ဆိုတာက အပူမဟုတ်ပါဘူး။ အခုဆိုရင် အစ်ကို့ရဲ့ အလုပ်၊ မိသားစုလောက်ပဲ။ အစ်ကို့ မိသားစုက အစ်ကို့အတွက် ပျော်စရာပဲ။ သောက်တာ စားတာ မရှိတော့ ပိုက်ဆံတွေလည်း မကုန်တော့ဘူး။ မိသားစုကံကောင်းဖို့လည်း လိုအပ်ပါတယ်။ အစ်ကိုကတော့ မိသားစု ကံကောင်းတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Kyaw Soe Win

ခန့်စည်သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိကြပါတယ်။ ဒါကြောင့် ညီနန္ဒက ကိုခန့်ရဲ့ အိမ်ထောင်ရေးက Surprise လုပ်ခံရမယ်လို့ ထင်တယ်လို့လည်း သူက ဆက်လက် ပြောပြလာပါတယ်။ 

“ ကိုခန့်ရဲ့ Type ကတော့ ဘယ်တော့မှ ထုတ်ပြောမယ်လို့ မထင်ဘူး။ ယူခါနီးမှသာ ဝုန်းကနဲ ထယူမလား မသိဘူး။ ညီတွေ ညီမတွေကို သူ အံ့သြအောင်ပဲ လုပ်မယ် ထင်တယ်။ ပြီးတော့ သူက ပြည့်စုံတဲ့လူတစ်ယောက်ပါ။ ကိုခန့်ရဲ့ ပင်ကို စိတ်ကိုလည်း မျက်နှာကို မြင်တာနဲ့ သိနိုင်ပါတယ်။ သူ့ကို အားကျတယ်၊ သူ့လို စိတ်ဓာတ်ဖြစ်အောင်လည်း လုပ်ဖို့ လိုအပ်တယ်” ဆိုပြီးတော့ ခန့်စည်သူရဲ့ အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Nyi Nanda

ညီနန္ဒက ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးခဲ့ကြတာပါ။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က