ညီမလေးကို ကျေးဇူးတင်စကားဆိုလာပါတယ်။

ချောရတနာကတော့ ညီမငယ်လေး သန္တာဗိုလ်အပေါ်ထားတဲ့ သူမရဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

Photo: Chaw Yadanar



သရုပ်ဆောင် ချောရတနာကတော့ အိမ်ထောင်ပြုပြီးသွားတဲ့ အချိန်မှာ မိဘတွေကို အနီးကပ်စောင့်ရှောက်ပေးသူက သန္တာဗို ပဲရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်သူ့ရဲ့ တစ်ဦးတည်းသော ညီမလေးဖြစ်သူ သန္တာဗို ကိုလည်း Duwun Media ကနေ ကျေးဇူးတင်စကားဆိုလာပါတယ်။ 

“ ညီမလေးကြောင့် ကိုယ့်မှာ စိတ်ညစ်ခဲ့ရတာမျိုးမရှိဘူး။ အစ်မဆိုရင် အစ်မ မိဘကို လုပ်ကျွေးတယ်။ သူအရွယ်ရောက်လာတဲ့အချိန်မှာ အစ်မက အိမ်ထောင်ပြုလိုက်တော့ သူက မိဘကို ဆက်ပြီးတော့ လုပ်ကျွေးတယ်။ ဒီအတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ညီမလေးက ဆိုးတဲ့အထဲတော့ မပါဘူး။ အခုထိပေါ့”လို့ သူကဆိုပါတယ်။  

Photo: Chaw Yadanar

ချောရတနာ နဲ့ သန္တာဗိုလ်တို့ ညီအစ်မ နှစ်ယောက်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေက အများကြီးပါ။ ချောရတနာဟာ ရင်သွေးလေးတွေ မွေးပြီးတဲ့နောက်မှာတော့ အနုပညာအလုပ်တွေကို ခဏ နားလိုက်တာ တွေ့ရပါတယ်။ အခုဆိုရင်တော့ မိသားစုလိုက်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ကြော်ငြာတွေ လက်ခံရိုက်ကူးနေတာ ဖြစ်ပါတယ်။ သန္တာဗိုကတော့ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် Model အလုပ်ကို တစိုက်မတ်မတ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ 

Photo: Chaw Yadanar

ချောရတနာ၊ သန္တာဗိုလ်တို့ကို ပရိသတ်တွေ သတိထားမိတဲ့အချက်ကတော့ အရပ်အမောင်းကောင်းတဲ့ မော်ဒယ်လ် မင်းသမီးချောလေးတွေအဖြစ် အသိများကြပါတယ်။ အရပ်ရှည်တဲ့အတွက် အရင်တုန်းက အရမ်း သိမ်ငယ်မိခဲ့တယ်လို့ ဆိုပါတယ်။ 

“ ကိုယ်လည်း ကိုယ့်ခေတ်တုန်းက လူကောင်ထွားသလို သူလည်း သူ့ခေတ်မှာ လူကောင်ထွားတယ်ပေါ့နော်။ ညီအစ်မ နှစ်ယောက်စလုံးက လူကောင်ထွားတာကြီးကို အရင်တုန်းက သိမ်ငယ်မိတယ်။ ဒါပေမယ့် တစ်ခါတလေကျရင် အသုံးဝင်သွားတာပါပဲ။ အစ်မဆို သူငယ်ချင်းတွေကြားထဲမှာ လူကောင်ထွားတော့ ကျောင်းမှာဆို အမြဲတမ်း မော်နီတာ ။ ကိုယ်က အရပ်ရှည်တော့ လက်ပြင်ကုန်းပြီး လျှောက်ရတာပေါ့နော်။ ဒီဘက်ခေတ်ရောက်တော့ အရပ်ရှည်တဲ့သူတွေကို သဘောကျကြတာ တွေ့ရတော့ ပျော်တာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Chaw Yadanar

ချောရတနာဟာ လက်ရှိမှာ သားနဲ့သမီးလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဒုတိယသမီးလေးကို ၂၀၁၈ ခုနှစ် မေလ(၁၂) ရက်နေ့က ဝိတိုရီယဆေးရုံမှာ မွေးခဲ့တာဖြစ်ပါတယ်။ သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြော်ငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးတဲ့ အခါမှာလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က