အနုပညာအပေါ်ထားတဲ့ သူမရဲ့ ရည်မှန်းချက်တွေကို ပြောပြလာပါတယ်။

ရွှေပိုးအိမ်ဟာ သူမကိုချစ်တဲ့ ပရိသတ်တွေတိုင်းအတွက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ နယ်မှာ ဇာတ်ကားတွေရိုက်တာများလို့ နယ်မင်းသမီးလို့ ခေါ်ရင်တောင် စိတ်မဆိုးဘူးဆိုပြီးတော့ အနုပညာအပေါ်ထားတဲ့ သူမရဲ့ ရည်မှန်းချက်တွေကို ပြောပြလာပါတယ်။ 

Photo: Shwe Poe Eain



သရုပ်ဆောင် ရွှေပိုးအိမ်ကတော့ သူ့ကိုချစ်ခင်အားပေးကြတဲ့ နယ်မြို့တွေက ပရိသတ်တွေနဲ့တွေ့ဆုံဖို့အတွက် နယ်ဖျော်ဖြေရေးတွေလည်း ပါဝင်နေရတယ်လို့ သိရပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် နယ်မှာပဲ အလုပ်လုပ်ရ လုပ်ရ၊ ရန်ကုန်မှာပဲ အလုပ်လုပ်ရ လုပ်ရ အားပေးတဲ့ပရိသတ်ရှိလို့ ကျေနပ်တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“အနုပညာအသိုင်းအဝိုင်းထဲမှာ အဆင့်အတန်းခွဲခြားတဲ့ ခံယူချက်ကြီးတစ်ခုလို့ မြင်တယ်။ နယ်မှာရိုက်လို့ နယ်မင်းသမီး၊ မြို့မှာရိုက်လို့ မြို့မင်းသား ဆိုတာတွေတော့ ရွှေပိုးအနေနဲ့ မခွဲခြားပါဘူး။ အောင်မြင်တဲ့ အနုပညာရှင်ဖြစ်ဖို့ပရိသတ်အားပေးမှုလိုအပ်တာပါ။ ရွှေပိုးကိုတော့ နယ်မှာရိုက်လို့ နယ်မင်းသမီးလို့ပဲ ပြောပြော ဘာမှမဖြစ်ဘူး၊ ဘယ်လိုမှ မခံစားရပါဘူး။ အဓိက ကတော့ ကိုယ့်ကို အားပေးတဲ့ ပရိသတ် ရှိတယ်ဆိုရင်ပဲကျေနပ်တယ်။ နယ်တို့ မြို့တို့ဆိုတာ အဆင့်အတန်းခွဲခြားခြင်းတစ်မျိုးပါပဲ။ နယ်မှာနေတဲ့သူက နယ်မှာနေတယ်ဆိုတာပဲရှိတာပါ။ စိတ်ရင်ကောင်းကြတယ်၊ ရိုးသားကြတယ်။ ရန်ကုန်နဲ့ အတူတူပါပဲ။ နေတဲ့နေရာလေးပဲ ကန့်သတ်သွားတာပါ။ ကိုယ့်ကိုအားပေးမှုလေးတစ်ခုက နယ်မှာရှိနေတယ်ဆိုတဲ့ စိတ်နဲ့ ကျေနပ်တယ်” လို့ ဆိုပါတယ်။ 

Photo: Shwe Poe Eain

ရွှေပိုးအိမ်ဟာ အနုပညာအလုပ်တွေကို စတင်ဆောင်ရွက်လာချိန်မှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ သိရပါတယ်။ အနုပညာမျိုးရိုး မရှိတာကြောင့် ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို ပိုကြိုးစားရတယ်လို့ ဆိုပါတယ်။ 

“ရွှေပိုးက အနုပညာအလုပ်နဲ့ ပတ်သက်လာရင် အရင်တုန်းကတည်းက မျှော်လင့်ချက် သိပ်မထားခဲ့ပါဘူး။ ပရိသတ်အားပေးသလောက်၊ အလုပ်တွေ လုပ်ရသလောက် လုပ်မယ်။ အဲဒီလိုပဲ စိတ်ထဲမှာ ထားတယ်။ အပြင်စီးပွားရေးလုပ်ဖို့ဆိုတာကလည်း ဒီအလုပ်ကို လုပ်ခွင့်ရတဲ့အချိန်မှာ ကိုယ်မလုပ်နိုင်မှာစိုးလို့ တခြားအလုပ်ကို လုပ်ဖို့ မစဉ်းစားသေးဘူး။ ထွေထွေထူးထူး ပြောင်းလဲမှုတွေတော့ မရှိသေးပါဘူး” လို့ သူကဆိုပါတယ်။ 

Photo: Shwe Poe Eain

ပရိသတ်တွေကလည်း ရွှေပိုးအိမ်ကို အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာစေချင်တယ်ဆိုတာကို လူမှုကွန်ယက်စာမျက်နှာပေါ်က ဓာတ်ပုံတွေရဲ့ အောက်မှာ Comment တွေပေးခဲ့ဖူးပါတယ်။ ဒီလို အားပေးကြတဲ့ ပရိသတ်တွေကြောင့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်လို့ ရွှေပိုးအိမ်က ပြောပါတယ်။ 

“ လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ ကံ၊ ဉာဏ်၊ စန်း၊ ဝီရိယ ရှိရတယ်။ အခွင့်အရေးတွေ၊ အနုပညာဝမ်းစာတွေအများကြီးနဲ့ သက်ဆိုင်ပါတယ်။ ရွှေပိုးကတော့ ရတဲ့နေရာလေးမှာ အကောင်းဆုံးဖြစ်အောင် ဖြေးဖြေးနဲ့ မှန်မှန်လေး ကြိုးစားသွားချင်တယ်။ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့အတွက် ပရိသတ်ကချစ်တယ်၊ ရွှေပိုးသေသွားရင်တောင်မှ သူတို့ စိတ်ထဲမှာ ရွှေပိုးအိမ်ဆိုတာ ရှိခဲ့ပါလားဆိုပြီးတော့ သူတို့ စိတ်ထဲမှာ တွေးနေရင်တောင် ကျေနပ်ပါပြီ။ ဒိတ်ဒိတ်ကြဲဖြစ်ရ မယ်၊ အောင်မြင်ရမယ်လို့လည်း မတွေးခဲ့ပါဘူး။ သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Kaung San Thit

ရွှေပိုးအိမ်ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က