သူမရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။

မိစန္ဒီကတော့ သူမရဲ့ ဘဝမှာ ပထမဆုံးအကြိမ် သီလရှင် ဝတ်ခဲ့ဖူးတဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Mi Sandi


အဆိုတော် မိစန္ဒီကတော့ ပဲခူးမြို့နယ်ရှိ မဟာစည်ကျောင်းတိုက်မှာ သြဂုတ်လ(၁၂) ရက်နေ့တုန်းက သီလရှင် ဝတ်ခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ ပထမဆုံးအကြိမ် သီလရှင်ဝတ်ခဲ့ရတဲ့ ခံစားချက်ကို Duwun ကနေ ပြောပြလာပါတယ်။ 

“ သီလရှင်တစ်ခါမှ မဝတ်ခဲ့ဖူးဘူး။ မနှစ်ကတည်းက သီလရှင်အရမ်းဝတ်ချင်ခဲ့တာ ဘာကြောင့်လဲဆိုတော့ အေးချမ်းမှု၊ လွတ်မြောက်မှုတွေကို လိုချင်ခဲ့တာ။ သူငယ်ချင်းတွေနဲ့ ခရီးတွေ သွားရတဲ့ ပျော်ရွှင်မှုမျိုးလည်း လိုချင်တာ မဟုတ်ဘူး။ အဲဒီတော့ ပဲခူးမှာရှိတဲ့ မဟာစည်မှာ သီလရှင်(၄) ရက်လောက်ဝတ်တယ်။ အိမ်ပြန်ရောက်တဲ့နေ့မှာလည်း (၂) ရက် ဥပုဉ်ထပ်စောင့်တယ်။ အရမ်းကိုအေးချမ်းပါတယ်” လို့ ဆိုပါတယ်။ 

Photo: Mi Sandi

မိစန္ဒီအနေနဲ့ သီလရှင်ဝတ်ပြီးလို့ လူပြန်ထွက်လာတဲ့ အချိန်မှာ သူမရဲ့ စိတ်ခံစားချက်တွေက အရင်နဲ့ မတူအောင် ပြောင်းလဲလာတာတွေရှိတယ်လို့လည်း သူက ဆိုပါတယ်။ 

“ သီလရှင် ဝတ်ပြီး ပြန်ထွက်လာတဲ့ အချိန်မှာ စိတ်ဓာတ်ခွန်အားတွေ ပိုရလာတယ်လို့ မြင်တယ်။ ဘယ်အရာမှ မမြဲဘူးဆိုတာ သိလာတယ်၊ အရမ်းလည်း စိတ်မညစ်တော့ဘူး၊ ပိုပြီးတော့ Strong ဖြစ်လာတယ်၊ ရင့်ကျက်လာတယ်လို့ ခံစားရတယ်။ အရင်ကဆိုရင် ဖေ့စ်ဘွတ်သုံးတာက အစ စိတ်ဖိစီးမှု တစ်ခုလို ဖြစ်လာတယ်။ အခုဆိုရင် Facebook App တောင် ဖုန်းထဲမှာ မရှိတော့ဘူး" လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo:Aung Kyaw Tun

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က