သူမရဲ့ မွေးနေ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

ရွှေပိုးအိမ်ကတော့ သူမကို အမြဲတမ်း စိတ်ချမ်းသာအောင် ဖန်တီးပေးကြတဲ့ ပရိသတ်တွေအပေါ် သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Shwe Poe Eain



ရွှေပိုးအိမ်ကတော့ ဒီနှစ်မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးမှာ ပရိသတ်ဆီက ရွှေရင်ထိုးလေးနဲ့ ရွှေနားကပ် လက်ဆောင်တွေရခဲ့တယ်လို့ ဆိုပါတယ်။ ဒီလက်ဆောင်တွေဟာ သူမအတွက် လိုအပ်နေတဲ့ အရာလေးတွေ ဖြစ်တာကြောင့်လည်း အရမ်းပီတိဖြစ်ရတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

" ရွှေပိုးမှာက ရွှေရင်ထိုးလေး မရှိဘူး၊ ရွှေနားကပ်လေး မရှိဘူးဆိုတာကို ပူဆာထားတတ်တယ်။ အဲဒါလေးတွေကို သူတို့က မှတ်ထားပြီး တစ်နှစ် တစ်ခါ ပိုက်ဆံစုကြတယ်။ ပိုက်ဆံစုပြီးတော့ ရွှေပိုးမှာ မရှိတာကို သူတို့က ဝယ်ပေးကြတယ်။ ရွှေပိုးကိုယ်တိုင်ကလည်း ရတနာပစ္စည်းလေးတွေ စုရတာ ကြိုက်တယ်။ သူတို့ကလည်း ကိုယ်ကြိုက်တတ်တာလေးတွေကို မှတ်ထားပြီး ဝယ်ပေးတတ်ကြတယ်။ ရွှေပိုးကလည်း လက်ဆောင်ရခြင်း မရခြင်းဆိုတာထက်၊ ရွှေပိုး ပြောထားဖူးတဲ့ ဟာလေးတွေကို အမှတ်တရဝယ်ပေးကြတဲ့အတွက် ပိုပြီးတော့ ပျော်ကြတယ်။ ပြီးတော့ ရွှေပိုးတို့ Covid ပြီးသွားရင် အလုပ်တွေ လုပ်ကြမယ်၊ ပိုက်ဆံစုမယ်၊ ပြီးရင် ခရီး အတူတူ ထွက်ကြဖို့ တိုင်ပင်ထားပါတယ်” 

Photo: Shwe Poe Eain

ရွှေပိုးအိမ်ကတော့ သြဂုတ်လ(၁၅) ရက်နေ့မှာ မွေးနေ့ ကျရောက်ခဲ့တာဖြစ်ပါတယ်။ မန္တလေးမြို့ နဲ့ အနီးတဝိုက်က ပရိသတ်တွေနဲ့ အတူတူ ပျော်ခဲ့ရတဲ့ အမှတ်တရတွေကိုလည်း ရွှေပိုးအိမ်က အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ ဒီနှစ်မွေးနေ့မှာတော့ ရွှေပိုးက မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတွေ ရတဲ့ အတွက်ကြောင့်မို့လို့ ဒီနှစ်ကလေးက ရွှေပိုးဘဝမှာ အမှတ်တရ ဖြစ်ပါတယ်။ ပထမတုန်းကတော့ Covid ကာလဖြစ်တဲ့အတွက် ဝင်ငွေလည်း မရှိဘူး၊ ပိုက်ဆံစုထားတာ အပိုလည်း မရှိတဲ့အတွက် ခရီးထွက်ဖို့ တော်တော်လေး အခက်အခဲ ဖြစ်ခဲ့တယ်။ အလှူကို ရန်ကုန်မှာရှိတဲ့ ပရိသတ်တွေနဲ့ပဲ လုပ်ဖို့ စိတ်ကူးထားပေမယ့်လည်း မန္တလေးမှာ အလှူလုပ်ချင်ခဲ့တဲ့ ရွှေပိုးရဲ့ တကယ့် ဆန္ဒကို ရွှေပိုး Admin နဲ့ အတူ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ မုံရွာက ပရိသတ်တွေ အလှူအတန်းတွေ လုပ်ပြီး ဆုံချင်တယ်ဆိုတော့ Admin တွေကမဖြစ် ဖြစ်အောင် စီစဉ်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် Surprise တိုက်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ပါဝင်ပေးကြတဲ့ တစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်”လို့ ဆက်လက် ပြောပြခဲ့တာပါ။ 

Photo: Shwe Poe Eain

ရွှေပိုးအိမ်ဟာ Covid ကာလမှာ နာရေးကူညီမှု အသင်း(ရန်ကုန်)မှာ ဈာပန ကိစ္စနဲ့ ပတ်သက်ပြီး ပါဝင် ကူညီပေးနေတာ တွေ့ရပါတယ်။ သူမကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က