The Voice Myanmar (Season 3) ပြိုင်ပွဲဝင်ဖြစ်ပါတယ်။

ဘဝကတော့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ ကျားပေါက်ရဲ့ Team ကို ရွေးချယ်လိုက်တဲ့ အကြောင်းအရင်းကို ပြောပြလာပါတယ်။ 

Photo: The Voice Myanmar



ဘဝကတော့ The Voice Myanmar (Season-3)သီချင်းဆိုပြိုင်ပွဲရဲ့ Blind Auditions မှာ "No Woman No Cry" သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့ပြီး ဒိုင်(၄) ဦးစလုံးရဲ့ လှည့်ကြည့်ခြင်းခံခဲ့ရပါတယ်။ သူ့အနေနဲ့ အဆိုတော် ကျားပေါက်ရဲ့ Team ကနေ ပြိုင်ပွဲအတွက် အကောင်းဆုံး ကြိုးစားမယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ကျွန်တော်ကတော့ ဒိုင်လူကြီး(၄) ယောက်စလုံးကို သဘောကျပါတယ်။ ကျွန်တော့်ရဲ့ လိုင်းကတော့ ကိုကျားပေါက်ပေါ့။ ကို Rဇာနည်ကိုလည်း အများကြီး သဘောကျပါတယ်။ ဘာကြောင့်ကိုကျား Team ကိုသွားလဲဆိုတော့ ကျွန်တော် ယုံကြည်ရာတွေက သူ့ဆီမှာ အများကြီး ရှိတဲ့အတွက် ကိုကျားပေါက်ဆီ သွားရခြင်းဖြစ်ပါတယ်။ ကျွန်တော်က ပြိုင်ပွဲတွေတိုင်း ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒီ Season(3) အတွက်ကိုလည်း ကျွန်တော်အများကြီး ကြိုးစားထားပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: The Voice Myanmar

ဘဝ ကတော့ The Voice Myanmar (Season 3) မှာ ပြိုင်ပွဲဝင်ခဲ့တဲ့ " No Woman No Cry" သီချင်းကို အဆိုတော် ကျားပေါက်နဲ့ အတူ စင်ပေါ်မှာ ဆိုခဲ့ရတဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တော် ကိုကျားနဲ့ စင်ပေါ်မှာ သီချင်းအတူတူ တွဲပြီး သီဆိုခွင့်ရခဲ့တာ အရမ်းလည်းပျော်တယ်။ ကျွန်တော် ကိုကျားဆီကနေ သင်ယူစရာတွေ၊ အများကြီး အများကြီးတွေ ရှိနေသေးတယ်။ သူ့ဆီကနေ သင်ယူဖို့၊ လေ့လာဖို့အတွက် ကျွန်တော် ကြိုးစားသွားမှာပါ" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: The Voice Myanmar

ဘဝ ကတော့ ဂီတလောကမှာ "နတ်ပြည်သွားမယ်" ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးသားအဆိုတော် တစ်ယောက်ပါ။ သူ့ အနေနဲ့ The Voice Myanmar 2018 သီချင်းဆိုပြိုင်ပွဲတုန်းကလည်း အဆိုတော် ကျားပေါက်ရဲ့ Team ကို ရွေးချယ်ခဲ့တာဖြစ်ပြီး The Battles အဆင့်ထိ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ကို အားပေးတဲ့ ပရိသတ်တွေ အများကြီးရှိလို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က