သူမရဲ့ လက်ရှိ အချစ်ရေးအကြောင်းပြောပြလာပါတယ်။

ချယ်ရီသင်းကတော့ သူမရဲ့ အချစ်ရေးကို Public မှာ တင်ရတာမျိုး သဘောမကျဘူးလို့ ဆိုပါတယ်။ 

Photo: Cherry Thin



အဆိုတော် ချယ်ရီသင်းကတော့ သူမကိုယ်တိုင် စိတ်ကူးထားတဲ့ အချစ်ရေးအကြောင်းကို အခုလို ပြောပြလာပါတယ်။ တကယ် လက်ထပ်တော့မယ့် အချိန်ရောက်မှသာ ချစ်သူကို မိတ်ဆက်ပေးမှာလို့ Duwun ကို သူက ပြောပါတယ်။ 

“ ချယ်ရီက Relationship တစ်ခုကို ချပြရတာ သိပ်ပြီးတော့ မကြိုက်ဘူး။ တကယ်လို့ ကိုယ်က Relationship တစ်ခုကို Public မှာ ချပြလိုက်ပြီ ဒါပေမယ့် သူနဲ့ ကိုယ်နဲ့ မညားခဲ့ရင် သူရမယ့် မိန်းမက သဝန်တိုမှာပဲ။ သူသူကိုယ်ကိုယ် နားလည်တယ်။ မင်းက ငါ့ကိုမချစ်လို့ မယုံတာလား လက်မ မထောင်နိုင်တာလား ဆိုတာမျိုးလည်း မဟုတ်ဘူး။ လူဆိုတာက စစတွဲခြင်းမှာ ချစ်တာပဲ ကြာသွားတော့မှသာ ချစ်တာ မချစ်တာတွေ ဖြစ်သွားတာ။ ဘာမှ မကျိန်းသေတဲ့ အတွက် Relationship ကို မချပြတာပါ။ တကယ်ယူမယ့် အချိန်ကျတော့မှ ဒါက ကျွန်မ ချစ်သူပါ ဆိုပြီးတော့ ချပြလိုက်မှာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Cherry Thin

ချယ်ရီသင်းဟာ အနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့်လည်း မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အချစ်ရေးအပေါ်ထားတဲ့ သူမရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါသေးတယ်။ 

“ အချစ်ကတော့ လူတိုင်းမှာ လိုအပ်တယ်။ လူတိုင်းက ဟာ ဒီမိန်းမက ခက်ထန်မာကျောလိုက်တာလို့ ပြောလည်း သူ့မှာ အချစ်ဆိုတာ လိုအပ်တယ်။ လူတိုင်းမှာ စိတ်ပင်ပန်းမှုတွေ၊ အဆင်မပြေမှုတွေရှိတယ်။ ဒါပေမယ့် အချစ်ကပူလောင်လို့တော့ မရဘူး။ အေးချမ်းရမယ်။ ကိုယ့်ကို နှစ်သိမ့်ပေးနိုင်ရမယ် အဲဒီလို Relationship တော့ လိုအပ်တယ်ပေါ့နော်။ ပြီးတော့ ချယ်ရီက အချစ်နဲ့ ပတ်သက်လာရင် ဂိတ်ဆုံးအထိ ချစ်ပေးလိုက်တယ် မကျေနပ်ဘူးဆိုရင် ဒိုး .. အဲဒီလိုပဲ။ အခုခေတ်မှာ ယောင်္ကျားလေးတွေလည်း မရှားသလို၊ မိန်းကလေးတွေလည်း မရှားဘူး။ ဒါပေမယ့် ကိုယ့်ကို တကယ်ကောင်းပေးတဲ့သူကတော့ ရှားသွားပြီ”လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Cherry Thin

လက်ရှိမှာတော့ ချယ်ရီသင်းကိုယ်တိုင် သီဆိုထားတဲ့ “ မ လို့ပဲခေါ်” သီချင်းလေးဟာ ပရိသတ်ကြားထဲမှာ ရေပန်းစားလို့နေပါတယ်။ သူမကတော့ ဂီတလောကမှာ ဖခင်ဖြစ်စေချင်တဲ့အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ Duwun ကနေတဆင့် ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ Shwe FM ဂီတ ဆုပေးပွဲမှာလည်း " ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်" ဆိုတဲ့ သီချင်းနဲ့ Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က