သူမ ကြုံတွေ့နေရတာတွေကို ပြောပြလာပါတယ်။

ပိုပို ကတော့ Covid ကာလမှာ သူမရဲ့ အကြွေးတချို့ကို အဆင်ပြေပြေ ဆပ်လိုက်နိုင်တဲ့ အကြောင်း ပြောပြလာပါတယ်။ 

Photo: Po Po



ပိုပိုကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ သူမ အနေနဲ့ အခုလို ပြုခဲ့တဲ့ ကုသိုလ် အလှူတွေကြောင့် သူမရဲ့ ငွေကြေး အခက်အခဲတွေကိုလည်း Covid ကာလမှာ အနည်းငယ် ဖြေရှင်းပေးနိုင်တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

"အမြဲတမ်း လှူနေလို့လား မသိဘူး Covid ကာလမှာ အခက်အခဲ အရမ်းကြီး မရှိဘူး။ ပိုပို့မှာ အကြွေး မရှိဘူးလည်း မဟုတ်ဘူး အကြွေးရှိတယ်။ ဒါပေမယ့် Covid ကာလမှာ အကြွေး သိန်း(၄၀) တောင် ဆပ်ပြီးသွားပြီ။ အကြွေးကိုလည်း မဖြစ်ဖြစ်အောင်ကို ဆပ်တာ။ အခုချိန်မှာ ဘဏ်ထဲ ထည့်ထားရင်တောင် ရတယ် ဒါပေမယ့် အကြွေးက မြန်မြန်ပြီးရင် ပြီးရောပေါ့။ အဲဒီလို ဖြစ်တာကလည်း အမြဲတမ်း လှူနေလို့ လည်းပါတယ်။ လှူတဲ့ အကျိုးတွေ က ပြန်ရောက်လာတာ။ ကိုယ် ကောင်းတာလုပ်ရင်တော့ ကောင်းတဲ့အရာကို ပြန်ခံစားရပါတယ်" လို့ သူက ဆိုပါတယ်။ 

Photo: Po Po

Covid ဒုတိယလှိုင်းမှာတော့ ပိုပိုဟာ ဂီတအလုပ်တွေ လုံးဝ ရပ်နားလိုက်တယ်လို့ သိရပါတယ်။ သူမရဲ့ သီချင်းတွေကနေ ရရှိလာတဲ့ ဝင်ငွေနဲ့ အဆင်ပြေအောင် ရပ်တည်နေတယ်လို့လည်း ဆက်လက် ပြောပြလာပါသေးတယ်။ 

“ Covid ကာလမှာ ပိုပိုက အခု Ringtune တွေ၊ You Tube တွေကနေ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံတွေနဲ့ ပိုပိုက သုံးလည်း သုံးတယ် လှူလည်း လှူတယ်။ တစ်ယောက်တည်း ဆိုတော့ လုံလောက်တယ်၊ မပိုလျှံဘူးပေါ့။ ဒီကြားထဲမှာ ပိုက်ဆံ အရမ်းကြီး မရှိဘူးဆိုပေမယ့် မဟာဝိဟာရမှာ ကျောင်းမြေ လှူလိုက်သေးတယ်။ အဲဒီတုန်းကဆိုရင် ပိုက်ဆံက သိပ်မရှိဘူး ဒါပေမယ့် ကိုယ့်စိတ်ထဲကနေ မရှိ ရှိတာ လှူမယ်ကွာ ဆိုပြီးတော့ စိတ်ဆုံးဖြတ်လိုက်တာ။ အဲဒီ အလှူပြီးတော့ အလုပ်တွေက အရမ်းဝင်လာတယ်။ ပြီးတော့ အိမ်ရှေ့မှာလည်း တန်းဆွမ်းတွေ မပြတ်လောင်းတယ်။ သိပ်မကြာသေးခင်က တန်းဆွမ်းတွေ မကြွတော့ဘူး သိရတော့ ဆန်အိတ်တွေ၊ ဆီပုံတွေနဲ့ ပိုက်ဆံတွေကို အဲဒီ တန်းဆွမ်းကြွတဲ့ ဘုန်းကြီးကျောင်းကို သွားလှူလိုက်တယ်" လို့ သူက ဆိုပါတယ်။ 

Photo: Po Po

ပိုပိုဟာ Covid ကာလမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် အလှူအတန်းတွေ အများကြီး လုပ်သူတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အခွေမှာကတည်းက ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က