ချမ်းသာရင် နေ့တိုင်း သွားလှူတယ်။

နန်းသူဇာကတော့ Covid ကြောင့် အိမ်ထဲမှာ နေရပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဈေးသည် တွေအတွက် သူမရင်ထဲက ခံစားချက်တွေကို အခုလို ပြောပြခဲ့ပါတယ်။

Photo: Nan Thu Zar



နန်းသူဇာကတော့ Covid ကာလကို အိမ်ထဲမှာနေရင်း တစ်နေ့တာ ဖြတ်သန်းနေတယ်လို့ သိရပါတယ်။ သူမ အနေနဲ့ အိမ်ထဲမှာ နေလို့မရပဲ အပြင်မှာ ဈေးထွက်ရောင်းနေရတဲ့ ဈေးသည်တွေကို မြင်တိုင်း စိတ်မကောင်းဘူးလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ဒီကြားထဲမှာ မန္တလေးတော့ (၂) ခေါက်သွားလိုက်ရတယ် အလုပ်ကိစ္စနဲ့ (၂) ရက်၊ (၃) ရက်လောက် သွားလိုက်ရတယ်။ ပထမ တစ်ခေါက်တုန်းက ထိန်းနိုင်တယ်။ အခုကျတော့ ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ပြည်တွင်းကူးစက်မှုတွေ ရှိလာပြီဆိုတော့ ဒါက ကိုယ့်ဘာသာကိုယ် ဂရုစိုက်မှပဲ ရတော့မှာလေ နော်။ အဓိက ကတော့ စည်းကမ်းလိုက်နာစေချင်တယ်။ Mask တွတပ်၊ Faceshield တွေတပ်စေချင်တယ်။ ဒီလိုသာပြောနေရတာ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ဈေးသည်တွေကိုလေ မြင်ရတာ စိတ်မကောင်းဘူး။ ကိုယ်သာ ချမ်းသာနေရင် သူတို့ကို နေ့တိုင်းသွားလှူနေမှာ။ သူတို့က ဒီ Covid ကို ရှောင်လို့မှ မရတာလေ" လို့ သူက ဆိုပါတယ်။ 

Photo: Nan Thu Zar

နန်းသူဇာက လက်ရှိဖြစ်ပေါ်နေတဲ့ Covid Season Wave မှာအိမ်ထဲကနေ အိမ်အပြင်မထွက်မိအောင် ဂရုတစိုက် နေထိုင်ဖြစ်တဲ့ အကြောင်းတွေ ပြောပြခဲ့ပါသေးတယ်။ 

“ Second Wave စဖြစ်တော့ ကြောက်တယ် ဘာလို့လဲဆိုတော့ အရင်ကထက် ပိုဆိုးလာပြီလေ။ အဲဒီတော့ စားနပ်ရိက္ခာစုတယ်၊ ပြီးတော့ အိမ်ထဲမှာပဲ နေလိုက်တယ်။ ကိုယ်က အစားသမားဆိုတော့ မုန့်တွေ အများကြီး ဝယ်ထားတာ အခုတော့ ကုန်ပြီ။ အိမ်မှာနေရင်းနဲ့ပဲ အကျိုးပြုတယ်ပေါ့နော်။ အိမ်မှာနေတာ ကြာလာတော့ မွန်းကြပ်လာသလို ကိုယ်က တိုက်ခန်းနဲ့ နေတာဆိုတော့ ခြံထဲလည်း ဆင်းလို့မရတော့ ကိုယ့်အိပ်ခန်းထဲကနေ အပြင်ကိုထွက်တယ်။ ဝရံတာကို လမ်းလျှောက်တယ်။ တစ်ခါတလေ စဉ်းစားမိတယ် ကွာရန်တင်း ဝင်နေကြတဲ့သူတွေဆို ပိုဆိုးမှာလို့ တွေးမိတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Nan Thu Zar

နန်းသူဇာက အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ သူမက လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သီချင်းပိုင်းကိုပဲ စိတ်ဝင်စားတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းကိုကူးဖို့ အစီအစဉ်မရှိပါဘူးတဲ့။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က