သူ့ရဲ့ ဖြစ်ရပ်လေးကို အခုလို ပြောပြလာပါတယ်။

အိစိကွေးကတော့ Covid ကာလ ကြာရှည်လာတာတဲ့ အပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။ 

Photo: Ei Si Kway



အိစိကွေးကတော့ Covid ကြောင့် အနုပညာ အလုပ်တွေ ရပ်နားထားတယ်လို့ သိရပါတယ်။ Covid နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အမြဲ ဂရုတစိုက်နေထိုင်တဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ကိုယ့်ကိုယ်ကိုယ်တောင် တစ်ခါတလေကျရင် ဆန်းစစ်ရတယ်။ ထမင်းစားမကောင်းရင်တောင် မာမားရေ အဆင်ပြေရဲ့လား မသိဘူး။ ဒါလေးက ဒီအရသာလား အေး.. ဟုတ်တယ် ဆိုရင် တော်သေးတယ် ငါ Good သေးတယ် လို့ တွေးရတယ်။ အဓိက ကတော့ ကိုယ်ခံအားကောင်းဖို့ အဓိကပါ။ ကိုယ့်ရဲ့ ကိုယ်ခံအားကောင်းမှ ရောဂါပိုးတွေ မဝင်နိုင်မှာလေ။ ဒါကြောင့် အစားများများစား၊ အိပ်ရေးဝဝ အိပ်၊ ရည်းစားကိစ္စ၊ ဘာကိစ္စ၊ ညာကိစ္စတွေ တွေးပြီး အိပ်ရေးတွေ မပျက်စေနဲ့ Covid ဖြစ်တတ်တယ်" ဆိုပြီးတော့ ပြောခဲ့ပါသေးတယ်။ 

Photo: Ei Si Kway

အိစိကွေး အနေနဲ့ ပထမအကြိမ် Covid ကာလထက် ဒုတိယအကြိမ် Covid ကာလမှာ ကျန်းမာရေး ပိုဂရုစိုက်သင့်တယ်လို့ ပြောပါတယ်။ မမြင်နိုင်တဲ့ ရောဂါပိုးဖြစ်တာကြောင့် မဖြစ်အောင် ကာကွယ် သင့်တယ်လို့ ဆိုပါတယ်။ 

“ အခု Covid ပုံစံက နည်းနည်းလေး အဆင့်မြင့်လာတယ်။ အရင်လို နည်းနည်းလေး မဟုတ်တော့ဘူး၊ တဖြည်းဖြည်း များလာပြီ။ အနံ့အသက်နဲ့ ဆိုင်တာတွေ၊ အစားအသောက်တွေ စားလည်း အရသာ မတွေ့တာတွေ၊ ကိုယ်တွေ လက်တွေ နာတာတွေ အစုံပဲဆိုတော့ ဒီရောဂါ ဖြစ်တာ မကောင်းပါဘူး။ ကိုယ်ဖြစ်လို့ရှိရင် ကိုယ့်မိသားစုကိုပါ ထိခိုက်မှာလေ။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ်နဲ့ ထိတွေ့လိုက်တဲ့ လူတိုင်းက ကူးနိုင်တယ် ဆိုတော့ ပို ဂရုစိုက်စေချင်တယ်။ ဒီရောဂါက မြင်လည်း မမြင်နိုင်ပဲနဲ့ ကူးနေတာ ဆိုတော့ တော်တော် စိတ်ညစ်ဖို့ကောင်းပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Ei Si Kway

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က