ရည်းစား ဆိုတာတောင် ပြတ်သေးတာပဲ။
Sabal Thwin

မိစန္ဒီကတော့ အိမ်ထောင်ရေးအပေါ်ထားတဲ့ သူမရဲ့ ခံယူချက်တွေကို ပြောပြခဲ့ပါတယ်။ 

အချစ်ရေးနဲ့ပတ်သက်ပြီး သတင်းတွေအရမ်းတည်ငြိမ်လွန်းတဲ့ အဆိုတော် မိစန္ဒီက ဘဝလက်တွဲဖော်နဲ့ ပတ်သက်ပြီး သူမရဲ့ စိတ်ကူးတွေကို Duwun ကနေ အခုလို ပြောပြလာပါတယ်။

“ မိစန္ဒီက အမှန်အတိုင်းပြောရရင် အိမ်ထောင်ပြုတာတို့ ၊ ဘဝ လက်တွဲဖော်တို့နဲ့ ပတ်သက်ပြီးတော့ အရင်ကတည်းက စိတ်ကူးမယဉ်တတ်ဘူး။ ရည်းစားတွေ ဘာတွေတောင် ပြတ်သေးတာပဲ။ သူနဲ့ ယူပြီးသွားရင် သူက ပြောင်းလဲသွားမှာလား ဆိုတာမျိုးပဲ စဉ်းစားတယ်။ ကိုယ့်ရဲ့ဘဝရှင်သန်မှုက အလုပ်တွေလုပ်မယ်၊ သူငယ်ချင်းတွေ၊ မိဘတွေကို အချိန်ပေးမယ်။ ချစ်သူရည်စား တစ်ယောက်ကို မိစန္ဒီက ဘယ်တော့မှ လိုက်ရှာနေမှာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။ 

Photo: Mi Sandi

မိစန္ဒီဟာ ဘဝကို အပျိုကြီးလုပ်ပြီး ဖြတ်သန်းဖို့လည်း စိတ်ကူးထားသူ မဟုတ်ဘူးလို့ သိရပါတယ်။ အိမ်ထောင်ပြုရမယ့် ကံပါလာရင်တော့ သူမထက် ရင့်ကျက်မယ့်သူကိုသာ လက်တွဲဖော်အဖြစ် လိုချင်တယ်လို့လည်း သူက ဆိုပါတယ်။ 

“ အမှန်အတိုင်းပြောရရင် ကိုယ့်ထက် အသက်ကြီးတဲ့သူကို သဘောကျတယ်၊ ကိုယ့်ထက် ရင့်ကျက်တဲ့လူကို သဘောကျတယ်။ ဒါပေမယ့် အရမ်းကြီး ကွာနေရင်လည်း အဆင်မပြေဘူး။ အရမ်းငယ်နေရင်လည်း အဆင်မပြေဘူးလေ။ ကိုယ်နဲ့ပတ်ချာလည်လောက်ပဲ။ ကိုယ့်ထက် ရင့်ကျက်တဲ့ လူမျိုးကို ကြိုက်တယ်။ ကိုယ့်ကို အရမ်းချစ်ပြီး အရမ်းကပ်ပြီး တွေ့မယ်၊ တွေ့မယ် ကြီးလုပ်နေတာမျိုးမကြိုက်ဘူး။ ကိုယ့်ရဲ့ Parsonal Time ရှိမယ်၊ သူငယ်ချင်းတွေနဲ့ တွေ့မယ့် အချိန်ရှိမယ်၊ နေရာတကာတိုင်း ပူးတွဲ၊ ပူးတွဲကြီး မလုပ်ချင်ဘူး။ ယောင်္ကျားလေး ဆန်လို့လား မသိဘူး ဘယ်သူနဲ့မှ အဆင်မပြေဘူး” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Mi Sandi

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


Author


က္က