ကိုဗစ်ကြောင့် အလုပ်တွေ ရပ်ရွေ့ထားရတာပါ။

မြန်မာပြည်ဖွား ထိုင်းမင်းသားချောလေး Eve (ဧဝရတ်မိုး) ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ အနုပညာလှုပ်ရှာမှုတွေ အကြောင်းပြောပြခဲ့ပါတယ်။ 

Photo: Eve



Eve ကတော့ ထိုင်းနိုင်ငံရှိ နာမည်ကြီးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ GMM နဲ့ အတူ Bangkon Buddies series ကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ Covid ကြောင့် အလုပ်တွေ နားထားရတဲ့အကြောင်း Duwun ကနေ ပြောပြလာပါတယ်။ 

“ ကျွန်တော်ကတော့ မနှစ်တုန်းက GMM က ထုတ်လုပ်ပြီး မိတ်ဆက်ပေးတဲ့ ဇာတ်လမ်းတွဲလေး တစ်ခု ရိုက်ခဲ့ပါတယ်။ အခုချိန်မှာ Covid ဖြစ်လာတော့ အနုပညာ လှုပ်ရှားမှုက မရှိသေးဘူး။ ကျွန်တော်လည်း ထိုင်းကို ပြန်လို့ မရသေးဘူး။Covid မဖြစ်ရင်တော့ ဟိုမှာ ဇာတ်လမ်းတွဲ ဆက်ရိုက်ဖြစ်တယ်။ Covid ကြောင့် မရိုက်ဖြစ်တော့တာ။ ကျွန်တော်ကတော့ GMM ကနေ ရွေးချယ်လိုက်တဲ့ မြန်မာလူမျိုးပါ။ တခြား ကမ္ဘောဒီးယားတို့၊ ဗီယက်နမ်တို့က သရုပ်ဆောင်တွေလည်း အတူတူပါပဲ။ ကျွန်တော်တို့တွေက GMM က ဂျူနီယာတွေဆိုတော့ ကျွန်တော်တို့ ဇာတ်ကားကို မိတ်ဆက်ပေးတဲ့ အနေနဲ့ပဲ ရိုက်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Eve

Eve ကတော့ Covid ပြီးရင် GMM နဲ့ အတူ အနုပညာလှုပ်ရှားမှုတွေ ဆက်လက် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာလည်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေ မြင်ရအောင် လုပ်ကိုင်သွားဦးမယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော်သာ တကယ်လို့ GMM ကို ပြန်ဖြစ်ခဲ့ရင် GMM က ကျွန်တော်တို့ ဂျူနီယာတွေကို ဇာတ်လမ်းတွဲ အတူတူ ထည့်မရိုက်တော့ပဲနဲ့ တစ်ကားကို တစ်ယောက်ဆီ တွဲရိုက်သွားမယ်လို့ပြောတယ်။ အခု Covid က တစ်ကမ္ဘာလုံးဖြစ်နေတာ ဆိုတော့ နားလည်ရမှာပေါ့။ GMM နဲ့ အတူတူ ရှေ့လျှောက် အနုပညာလှုပ်ရှားမှုတွေ ဆက်လုပ်သွားဦးမှာပါ။ အခု မြန်မာပြည်မှာလည်း ရရင် ရသလို ဇာတ်လမ်းတွဲ ရိုက်ဖို့ စကားပြောထားတာလေးတွေရှိသလို၊ ရုပ်ရှင်ရိုက်ဖို့လည်း ပြောထားတာရှိပါတယ်။ ကျွန်တော်လည်း ကြိုးစားနေတာ ဖြစ်လို့ ပရိသတ်ကိုလည်း အားပေးကြပါလို့ တောင်းဆိုချင်ပါတယ်" လို့ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Eve

Eve က ထိုင်းနိုင်ငံမှာ ဇာတ်လမ်းတွဲ သွားရိုက်ပြီး မြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်၊ ဇူလိုင်(၅) ရက်နေ့က ပြန်လည်ရောက်ရှိနေပါတယ်။ မြန်မာနိုင်ငံ ပြန်ရောက်ချိန်မှာ သူရဲ့ အနုပညာအလုပ်တွေအတွက် အထောက်အကူဖြစ်စေမယ့် ထိုင်းဘာသာစကားကိုလည်း ဆက်လက် လေ့လာသွားမယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာဖြစ်ပြီး GMM နဲ့ (၅) နှစ် စာချုပ် ချုပ်ဆိုထားတာ ဖြစ်လို့ GMM နဲ့အတူ ဇာတ်ကားတွေ ဆက်ရိုက်သွားဦးမယ်လို့ ဆိုပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က