အောက်တိုဘာလ(၁) ရက်နေ့က သူမရဲ့ မွေးနေ့ ဖြစ်ပါတယ်။

ဝေလာရီကတော့ အောက်တိုဘာလ(၁) ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ မွေးနေ့အလှူအတွက် ကြိုတင်ပြင်ဆင်နေတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: Wai Lar Yi



သရုပ်ဆောင် ဝေလာရီရဲ့ မွေးနေ့ကတော့ အောက်တိုဘာလ (၁) ရက်နေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေလုပ်ပြီး ဖြတ်သန်းသွားမယ်လို့ ဆိုပါတယ်။ 

" အောက်တိုဘာ ၁ ရက်နေ့ ဝေ Birthday Donation အတွက် စည်ပင် ဝန်ထမ်းများ၊ အနှေးယာဉ် ဦးဦးများ၊ လမ်းပေါ်မှာတွေ့တဲ့ လိုအပ်နေတဲ့ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များကို လှူဖို့အတွက် ဆန်၊ ဆီ၊ မုန့် ၊ ရေ ၊ ကော်ဖီမစ် ၊ အချိုရည် ၊ ခေါက်ဆွဲခြောက် နဲ့ ကြက်ဥ တို့ကို လူအယောက် (၂၀၀) စာ ကို မိသားစုလိုက် တက်ညီလက်ညီ ထုတ်နေပါပြီ။ နောက်ထပ် ဖောင်ကြီး Covid -19 ကုသရေးဌာန နဲ့ ရီမာပရဟိတကျောင်း တို့ကို လှုဒါန်းသွားမှာ ဖြစ်ပါတယ်" ဆိုပြီးတော့ စက်တင်ဘာလ(၂၉) ရက်နေ့ ည (၇) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Wai Lar Yi

လက်ရှိမှာတော့ ဝေလာရီဟာ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးထားတဲ့ မင်းသမီးချောလေး ဖြစ်လို့နေပါပြီ။ သူမဟာ အစ်မဖြစ်သူ အဆိုတော် လိမ္မော်သီးလိုမျိုး ဂီတကို ရူးသွပ်သူ တစ်ယောက်မဟုတ်ပဲ သရုပ်ဆောင် အလုပ်မှာ ပိုပြီး အောင်မြင်ဖို့ ကြိုးစားနေတဲ့သူ တစ်ယောက်ပါ။

“ ကိုယ့်ကို တွေ့ရင် မင်းသမီး၊ မင်းသမီးနဲ့ ခေါ်ကြတာများတော့ စွဲသွားတယ်။ အမှန်တော့ သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘူး။ တကယ်ကို ဘာမှလည်းမဆိုင်ဘူး၊ ကိုယ်နဲ့လည်း အလှမ်းဝေးတယ်။ အဲဒါကို တွေ့သမျှလူတိုင်းကရော၊ မမရဲ့ ဆရာတွေရောက ကိုယ့်ကို မင်းသမီးလို့ပဲ ခေါ်တယ်။ သီချင်းဆိုတာလည်း မမနောက်ကို လိုက်ရင်းနဲ့ ဝါသနာပါသွားတာ” လို့ သူကပြောပါတယ်။

Photo: Wai Lar Yi

ဝေလာရီဟာ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့တဲ့ “နှင်းဆီ”ရုပ်သံဇာတ်လမ်းတွဲထဲက မော် ဆိုတဲ့ ကောင်မလေး တစ်ယောက်ကာရိုက်တာနဲ့လည်း ပရိသတ်အားပေးမှု အများကြီးရရှိခဲ့သူပါ။ အခုလက်ရှိမှာလည်း သူမဟာ တီဗီကြော်ငြာတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ မွန်တိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပါတယ်။ အစ်မဖြစ်သူ လိမ္မောသီးနဲ့ တွဲပြီး J & W Clothing ဆိုပြီးတော့ မွန်ဖက်ရှင်ဆိုင်လေးလည်း ဖွင့်လှစ်ထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က