ဘာသာရေးကို တစိုက်မတ်မတ် လုပ်သင့်ပြီ။

နွေးနွေးချစ်ဖွယ်ကတော့ ကိုဗစ်ကြောင့် လေကိုတောင် ကောင်းကောင်းမရှုနိုင်တာ တော်တော် ဝဋ်ကြီးတယ်လို့ ဆိုပါတယ်။ 

Photo: Nway Nway Chit Phwel



နွေးနွေးချစ်ဖွယ်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး တစိုက်မတ်မတ် လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ ကိုဗစ်ကာလ နဲ့ ပတ်သက်ပြီး သူမကိုယ်တိုင် သံဝေဂ ရမိတဲ့ အကြောင်းတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ လူတွေ ဘယ်လောက်အထိ ဝဋ်ကြွေး ကြီးသလဲဆိုတာကို အခုချိန်မှာ သံဝေဂ ရစရာ တစ်ခုပြောချင်ပါတယ်။ အလကားရတဲ့ လေကိုတောင် ကောင်းကောင်းမရှုနိုင်ဘူး။ ဘယ်လောက် မွန်းကြပ်လဲ။ အတိတ်ဘဝက ဝဋ်ကြွေးတွေလို့ ခေါ်တယ်။ လူတွေဟာ အသိတရားတွေ ခေါင်းပါးလာကြတယ်၊ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာတယ်၊ မေတ္တာတရားတွေ ခေါင်းပါးလာတဲ့ အချိန်မှာ ကမ္ဘာကြီးက ကပ်စီးလာတယ်။ နွေးထင်တာက ကမ္ဘာကြီးက နွေးတို့တွေကို ဒဏ်ခတ်နေပြီ။ ဒီအချိန်မှာ ဘာသာတရားကို ပိုပြီးတော့ အားစိုက်လုပ်ရမယ်" လို့ ဆိုပါတယ်။ 

Photo: Nway Nway Chit Phwel

COVID-19 ဒုတိယလှိုင်းမှာတော့ ရောဂါကူးစက်မှု လူဦးရေဟာ အရမ်းကို များပြားလာတာ ဖြစ်ပြီး ရောဂါဒဏ်ကြောင့်သေဆုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အဆိုတော် နွေးနွေးချစ်ဖွယ်ဟာ စိတ်ဓာတ်မကျအောင် ဘာသာရေးကို ပိုအားစိုက်ပြီး လုပ်စေချင်တယ်လို့ ဆိုပါတယ်။ 

" အရင်တုန်းက အချိန်မပေးနိုင်ခဲ့တာတွေကို အခုချိန်မှာ လုပ်မှရမှာ။ ကိုယ် ကိုးကွယ်ရာ၊ ယုံကြည်ရာ ဘာသာရေးကို အားစိုက်ပါ။ သူ့နေရာမှာ ကိုယ်သာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာ စိတ်လေး ထားစေချင်တယ်။ ဒါပေမယ့် ကံကြမ္မာကို မမြင်နိုင်ဘူး။ အားဆေးတွေ ဘယ်လောက်သောက်သောက်၊ အိပ်ရေးတွေ ဘယ်လောက် ဝဝ အိပ်အိပ်၊ အစား ဘယ်လောက် စားစား စိတ်ဓာတ်ကျသွားပြီဆိုရင် လူက Down သွားပြီ။ စိတ်ဓာတ်လုံးဝ မကျစေချင်ဘူး။ ဒီ Covid ကြီးကို ကျော်ဖြတ်နိုင်ဖို့ နွေး မျှော်လင့်ပါတယ်” ဆက်လက် ပြောပြလာပါတယ်။ 

Photo: Beauty

နွေးနွေးချစ်ဖွယ်ဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး ညောင်(၁၀)ပင်အဓိဌာန် မကြာခဏ ဝင်လေ့ရှိသူဖြစ်ပါတယ်။ သူမကိုတော့ ၂၀၀၀ ခုနှစ်ကာလ က ထွက်ရှိခဲ့တဲ့ စုံတွဲ သီချင်းအခွေတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲဒီနောက် နာမည်ကျော်လူရွှင်တော် တစ်ဦးဖြစ်တဲ့ မြို့တော် ချစ်ဖွယ်ရဲ့ သမီးဖြစ်တယ်လို့ သိလိုက်ရချိန်မှာ ပရိသတ်တွေ ပိုအားပေးလာကြတာ တွေ့ရပါတယ်။ အချစ်သီချင်းတော်တော်များများကိုလည်း သီဆိုခဲ့ထားတာ တွေ့ရပါတယ်။ သူမရဲ့ ဂီတ သက်တမ်းကတော့ ၁၀ စုနှစ်အကြာရှိပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က