လက်ရှိ စီးပွားရေး အခြေအနေကို ပြောပြလာပါတယ်။

လွင်မိုးကတော့ Covid ကြောင့် ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူ့ရဲ့ စီးပွားရေး အခြေအနေကို ပြောပြလာပါတယ်။ 

Photo: Lwin Moe



သရုပ်ဆောင် လွင်မိုးကတော့ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ လီလီပန်းစိုက်ခင်း၊ စားသောက်ဆိုင် များနဲ့ ရုပ်ရှင်ရုံ လုပ်ငန်းတွေဟာ Covid ကြောင့် ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းတွေထဲမှာမှ ရုပ်ရှင်ရုံ လုပ်ငန်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ကိုယ့်အတွက် လုပ်ငန်းကြီးကြီးမားမားကတော့ Paradiso ပေါ့။ Paradiso Cinemas ကတော့ မတ်လ ကတည်းက ပိတ်ထားတာ။ အဲဒီကတည်းက အလူးအလဲခံထားရပြီးတော့ ရှိတဲ့အခြေအနေလေးနဲ့ ဝန်ထမ်းတွေကို ခွင့်ပေးသင့်တာ ခွင့်ပေး၊ လစာမဲ့ ခွင့်တွေပေး၊ Paradiso မှာ ဝန်ထမ်းပေါင်း(၅၀၀) ကျော်ရှိတာကိုး။ အဲဒီ (၅၀၀) မှာ (၁၀၀) ကျော်လောက်ကို ထိန်းနိုင်သလောက် ထိန်းထားရတာပေါ့။ ဒါက မဖြစ်မနေ ပစ္စည်းတွေ ပျက်စီးသွားမှာစိုးလို့ ခန့်ထားရတဲ့ သူတွေရှိပါတယ်။ နိုင်သလောက်၊ စွမ်းသလောက်တော့ ကျန်းမာရေးနဲ့ အညီ လုပ်ရတာတွေရှိတယ်။ အလုပ်ကိစ္စတွေ ပြန်စဉ်းစားရင်တော့ ရင်လေးစရာကြီးပါ" လို့ ဆိုပါတယ်။ 

Photo: Lwin Moe

Covid ဒုတိယလှိုင်း ရဲ့ ကျန်းမာရေး ထိခိုက်မှု အခြေအနေဟာ အရမ်းကို များပြားလှတယ်လို့ လွင်မိုးက ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း မိသားစု နဲ့ စီးပွားရေး အလုပ်တွေကို ဦးဆောင်နေရသူ ဖြစ်တာကြောင့် စိတ်ဓာတ်မကျအောင် ကြိုးစားနေတယ်လို့ ပြောခဲ့ပါသေးတယ်။ 

“ မတ်လ ကတည်းကဖြစ်နေကြတာလေ။ ဒီကြားထဲမှာ တစ်လလောက် ပုံမှန်အနေအထားလေး တစ်ခု ရခဲ့ကြတယ်ပေါ့။ ပြီးတော့မှ အရင်ထက် ပိုဆိုးတာတွေ ဖြစ်လာတော့ အိမ်ထဲမှာ နေရတဲ့ ကာလတွေက အရမ်းများလာတယ်။ တစ်ခါတလေကျရင် ကိုယ့်အလုပ်ကိစ္စတွေ တွေးပြီး တော်တော်လေး စိတ်ဓာတ်ကျတာတွေ ဖြစ်လာတယ်။ ပြီးရင် ကိုယ့်ဘာသာကိုယ်ပဲ စိတ်အား ပြန်တင်းထားရတယ်။ ကိုယ်က မိသားစုမှာရော၊ စီးပွားရေးလုပ်ငန်းမှာရော ကိုယ်က ဦးဆောင်သူဖြစ်လို့ ကိုယ်က စပြီး စိတ်ဓာတ်ကျလို့ မရဘူး။ စီးပွားရေး ထိခိုက်သွားတာတွေကိုလည်း ဘယ်အချိန်မှာ ဘာပြန်လုပ်မလဲ စဉ်းစားရတယ်” လို့ ဆိုပါတယ်။ 

Photo: Lwin Moe


လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က