“ကိုယ်လုပ်တာ ကိုယ်ခံရမှာပေ့ါ” လို့ သူကပြောပါတယ်။

လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေ ကြုံနေရတဲ့ ဖိနပ်ကြော်ငြာနဲ့ ပတ်သက်ပြီး ဝါရင့်သရုပ်ဆောင် လူရွှင်တော် ဧရာက သူပါဝင်ထားတဲ့ ကာရိုက်တာနဲ့ ပတ်သက်လို့ အခုလို ပြောပြလာပါတယ်။ 

Photo: Mi Star



လတ်တလော လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဝေဖန်ခံနေရတဲ့ ဖိနပ်ကြော်ငြာနဲ့ ပတ်သက်ပြီး လူရွှင်တော် ဧရာက ကိုယ်လုပ်တာ ကိုယ်ခံရမှာပေ့ါဆိုပြီး ပြောခဲ့ပါတယ်။ ကြော်ငြာတစ်ခုအနေနဲ့ ပေးလာတဲ့ ကာရိုက်တာအပေါ်မှာ အကောင်းဆုံးဖြစ်အောင် ရိုက်ခဲ့တာ လို့ လည်း သူကဆိုပါတယ်။

 “ အခုဟာက ကြော်ငြာလေး တစ်ခုအနေနဲ့ရိုက်လိုက်တာပါ။ ဒီကလေးက ဒီကာရိုက်တာလေး တစ်ခုပေးတယ်။ နိုင်ငံရေးလည်း ကင်းတယ်၊ သူကလည်း ရိုက်မယ့်ဟာကို သေချာပြောပြပါတယ်။ ဒါက ဦးတို့လုပ်နေကြပါ။ တကယ်လည်း မြင်ရတာမဟုတ်ဘူး။ ကန်တော့ပါရဲ့ ကြူကြူသင်းဖင်ကြီး ကြည့်ပြီးတော့ နှာဗူးကျတဲ့ အခန်းတွေလည်းရိုက်ခဲ့ဖူးတာပဲ၊ ပြီးတော့ ပုံမှန် ဟာသလူရွှင်တော် ပုံစံ လုပ်တာလေ။ သဘာဝကျကျ တဏှာရူးတွေ လုပ်တာမှ မဟုတ်တာ။ အဲဒါကို သူ အရှေ့မှာ ပြဿနာတက်ထားတဲ့ ဟာရဲ့ အရှိန်နဲ့ ပြောကြ၊ ဆိုကြတာတော့ ဦးလည်း မတတ်နိုင်ဘူး။ သူလုပ်ခဲ့တာဆိုတော့ သူခံရမှာပဲလေ။ ဒီကြားထဲ ဦးတို့ပါ ပါခဲ့တာဆိုတော့ ဦးတို့လည်း ကိုယ်လုပ်တာ ကိုယ်ခံရမှာပေါ့" လို့ သူကဆိုပါတယ်။ 

လက်ရှိမှာတော့ ယင်းဖိနပ်ကြော်ငြာနဲ့ပတ်သက်ပြီး လူရွှင်တော် ဧရာကိုယ်တိုင်လည်း ဝေဖန်ခံနေရတဲ့ အထဲ ပါဝင်နေပါတယ်။ ဝါရင့်သရုပ်ဆောင်အနေနဲ့ယခုလို ကာရိုက်တာမျိုး ဘာကြောင့် လက်ခံရိုက်ခဲ့တာလည်းဆိုပြီး ပရိသတ်တွေက မေးခွန်းထုတ်နေကြတာပါ။

Photo: Mi Star

ယင်းကြော်ငြာမှာ ပါဝင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် လူရွှင်တော် ဦးဧရာအနေနဲ့ ရိုက်ကူးရေးနဲ့ ပတ်သက်ပြီးတော့လည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

" အခုချိန် လူ့လောကထဲမှာ ပိုက်ဆံလာပေးတဲ့ အလုပ်ဆိုတာ ဒီအလုပ်ပဲရှိတာ။ ပိုက်ဆံကလည်း တစ်သိန်းပဲ ရတာပါ။ ဒီအချိန်မှာ ပိုက်ဆံ တစ်သိန်းကလည်း နည်းတာမှ မဟုတ်တာ။ အဲဒါကြောင့် အဲဒီလို လုပ်ရတာပါ။ အရင်တုန်းကလည်း ဦးလုပ်ခဲ့တဲ့ အနုပညာတွေကို ပရိသတ်က ကြည့်ပြီး အားပေးခဲ့ကြတာပဲလေ။ ဒါတွေက ဒီအိုက်တင်တွေပဲ လုပ်ခဲ့တာ။ စားချင် သောက်ချင်နေတဲ့ ပုံစံတွေလည်း ပါတာ မဟုတ်ဘူးလေ။ ဦး လုပ်နိုင်သလောက် လုပ်ခဲ့တာပါပဲ။ ဒီ သရုပ်ဆောင်မှုအပေါ်မှာ ပြောချင်တာတွေ ပြောကြပါလို့ပဲ ဦးလဲ ပြောချင်တော့တယ်။ ကြော်ငြာနဲ့ ပတ်သက်ပြီးတော့လည်း လာပြောပြီးသားပါ။ ဦးကလည်း လူရွှင်တော်ဆိုတော့ လူရွှင်တော် ပုံစံ ဟာသ လုပ်လိုက်တာပေါ့။ ဒီ့ထက်မကဆိုးတဲ့ ကြော်ငြာတွေလည်းရှိနေတာပါပဲ။ ဦးကိုယ်တိုင်လည်း ကြော်ငြာကို ကြည့်ရပါတယ်" လို့ဆိုပါတယ်။

Photo: Mi Star

ဒါရိုက်တာ ယုန်လေးရိုက်ကူးတဲ့ Mi Star ဖိနပ်ကြော်ငြာမှာ လူရွှင်တော်ဧရာ အပြင် ဇာတ်ပို့သရုပ်ဆောင် နေလင်းနဲ့ Facebook Cele များ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကြော်ငြာကို စက်တင်ဘာ(၃၀) ရက်နေ့က ယုန်လေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ လူမှု့ကွန်ယက်မှာ ဝေဖန်မှုတွေ မြင့်တက်သွားခဲ့ပါတယ်။ အဓိက အကြောင်းအရင်းမှာတော့ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ထိပါးစော် ကားသော ရိုက်ကူးမှုများ ပါဝင်သည်ဟုဆိုကာ ပြင်းထန်စွာ ဝေဖန် နေကြခြင်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က