သီချင်းတွေ အတူတူလုပ်ဖို့ရှိတယ်။

နေထွဋ်ကတော့ William Tun နဲ့ အနုပညာကျောင်းတက်တာခြင်းလည်း တူသလို ဂီတအလုပ်တွေကိုလည်း အတူတူ လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ 

Photo: Nay Htut



နေထွဋ်ကတော့ William Tun နဲ့ အတူ Laurel Art အနုပညာကျောင်းတက်ခဲ့တာခြင်းလည်းတူသလို ရေဒီယို ကက်ဆက် ဇာတ်လမ်းတွဲတွေမှာလည်း အတူတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။ Laurel Art ကျောင်းပြီးသွားတဲ့ အချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မပြတ်ခဲ့ကြဘူးလို့ နေထွဋ်က Duwun ကို ပြောပြခဲ့ပါတယ်။ 

“ တချိူ့ Laurel Art က သူငယ်ချင်းတွေဆိုရင် သူတို့လမ်းကို သူတို့ လျှောက်နေကြပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖြစ်တာကလည်း နည်းသွားတယ်ပေါ့။ ဒါပေမယ့် အခုချိန်ထိ ကျွန်တော်တို့ အပြင်မှာ တွေ့ဖြစ်၊ ဆုံဖြစ်တာက William Tun ပေါ့။ ကျွန်တော်တို့ နှစ်ယောက် သူတောင်းစား ကက်ဆက်ဇာတ်လမ်းတွဲရိုက်ပြီးကတည်းက ခင်ခဲ့ကြတာ။ ဖုန်းလည်း ခဏခဏ ပြောဖြစ်တယ်။ သူငယ်ချင်း တစ်ယောက် အနေနဲ့ ဝီလျှံအတွက် အရမ်းဝမ်းသာပါတယ်" လို့ သူကဆိုပါတယ်။ 

Photo: Nay Htut

နေထွဋ်ဟာ သူငယ်ချင်း William Tun ရဲ့ အောင်မြင်မှုတွေအပေါ် ဝမ်းသာပီတိဖြစ်နေရသူ တစ်ဦးပါ။ လက်ရှိမှာတော့ နေထွဋ် နဲ့ William Tun တို့ နှစ်ယောက်ပေါင်းပြီး သီချင်းလေးတွေ လုပ်သွားဦးမယ်လို့ နေထွဋ်က ပြောပါတယ်။ 

“ အခုဆို သူတို့အဖွဲ့ ကိုရီးယားတောင် သွားရပြီဆိုတော့ သူ့ အတွက် အရမ်းကောင်းသွားပြီ။ Covid အချိန်ကြီးမှာတောင် ကိုရီးယား ရောက်သွားတယ်ဆိုပြီး စနောက် နေသေးတာ။ သူနဲ့က အရမ်းခင်ပါတယ် သူနဲ့လည်း Collabration လုပ်ဖို့ရှိပါတယ်။ ပရိသတ်တွေကလည်း မျှော်နေကြပြီ။ ဘာကြောင့် မထွက်နိုင်သေးတာလဲဆိုတော့ သူလည်း အလုပ်တွေ ရှုပ်နေသလို ကျွန်တော်လည်း တစ်ဖက်မှာ အလုပ်တွေ ရှုပ်နေတာဆိုတော့ နှစ်ယောက်စလုံးက Collabration အတွက်ကို အချိန်မပေးနိုင်သေးဘူးဖြစ်နေတာ" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nay Htut

နေထွဋ်ကိုတော့ MRTV Entertainment က ထုတ်လွှင့်ပြသလေ့ရှိတဲ့ ရေဒီယိုကက်ဆက် ဇာတ်လမ်းတွဲ လေးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဗိုလ်အောင်ဒင် ဇာတ်ရုပ်နဲ့ ပိုလိုက်ဖက်တာကြောင့် ဒီကာရိုက်တာကို ပရိသတ်တွေက ပိုကြိုက်တယ်လို့ နေထွဋ်က အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ နေထွဋ်ဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီဖြစ်တဲ့ အနုပညာရှင်အသစ် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က