ကို Rဇာနည်ကို သဘောကျတယ်လို့ဆိုပါတယ်။

G ကတော့ သူမရဲ့ အသံနဲ့ လိုက်မယ့် သီချင်းမျိုးကို အဆိုတော် R ဇာနည်ဆီက အကြံပြုချက် ရချင်ပေမယ့် ဆုတောင်းမပြည့်ခဲ့တဲ့အကြောင်းပြောလာပါတယ်။ 

Photo: The Voice Myanmar



The Voice Myanmar (Season-3) မှာ "It Will Rain" သီချင်းနဲ့ သီချင်းဆိုဝင်ပြိုင်ခဲ့တဲ့ G ဟာ အကဲဖြတ်ဒိုင်လူကြီး နီနီခင်ဇော်ရဲ့ လှည့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။သီချင်းဆို ပြိုင်ပွဲမဝင်ခင်အထိဒိုင် (၄)ဦးစလုံးသာ လှည့်ကြည့်ခဲ့ မယ်ဆိုရင် အဆိုတော် Rဇာနည် ရဲ့ Team ကို သွားဖို့ ဆုံးဖြတ်ခဲ့တဲ့ G တစ်ယောက် ဆုတောင်းမပြည့်ခဲ့ပါဘူး။ 

“တကယ်လို့သာ ဒိုင်(၄) ယောက်စလုံး လှည့်ကြည့်ခဲ့တယ်ဆိုရင် ကို R ဇာနည် Team ထဲဝင်မယ်လို့ စိတ်ကူးခဲ့တာပါ။ ဒါက ကြိုတွေးတာပေါ့နော်။ တကယ်ဖြစ်လာတဲ့ အချိန်မှာ ဘယ်သူလှည့်ပါစေ ဆိုတာလည်း မစဉ်းစားနိုင်တော့ဘူး။ တစ်ယောက်ပဲ လှည့်ပါလို့ ဆုတောင်းလိုက်မိတဲ့ အချိန်မှာ မနီနီ လှည့်တယ်။ မနီနီ Team ထဲ ပါသွားတာကို ကျေးဇူးတင်တယ်။ သူ့အနေနဲ့ ညီမကို အခွင့်အရေးပေးတာကို တကယ်ကျေးဇူးတင်တယ်။ ညီမက ဘာအတွေ့အကြုံမှ မရှိတဲ့လူဆိုတော့ ပြိုင်ပွဲဝင်တွေဆီကရော၊ တခြားသူတွေ ဆီကရော ပညာတွေ သင်ယူရတာပေါ့” လို့ သူက ဆိုပါတယ်။

Photo: The Voice Myanmar

ဒိုင်(၄)ဦးစလုံး လှည့်မကြည့်ခဲ့ပေမယ့်လည်း သူမကြိုက်နှစ်သက်တဲ့ အဆိုတော် Rဇာနည်က သူမရဲ့ သီချင်းရွေးချယ်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူမသိချင်တဲ့အဖြေတော့ မရခဲ့ဘူးလို့ ဆိုပါတယ်။

 “ ကို R ကြီးက သီချင်းရွေးမှားတယ်လို့ ပြောတယ်ပေါ့နော်။ ညီမက ဘာကြောင့်လဲဆိုတဲ့ အချိန်မှာ သူ မဖြေလိုက်ဘူးပေါ့နော်။ အဲဒါကလည်း ပြဿနာတစ်ခုပါ။ ညီမက ကိုယ့်ကိုယ်ကိုယ်လည်း ဘာသီချင်းနဲ့ လိုက်မလဲဆိုတာ မသိဘူး။ ဒါပေမယ့် ဒီမှာ ပြိုင်ရင်း ပြိုင်ရင်းနဲ့ နည်းနည်း ပိုသိလာမလားလို့ထင်တယ်။ အဲဒါကြောင့်လည်း ဒီပြိုင်ပွဲမှာ လာပြိုင်တာပါ။ ကို R ကြီးကို ညီမက လူတစ်ယောက် အနေနဲ့ ကြိုက်တာပါ။ သူ့ရဲ့ Music ကိုကြိုက်တယ်၊ အသံလည်း ကောင်းတယ်။ သူ့ရဲ့ ဝတ်စားဆင်ယင်မှု၊ စကားပြောဆိုပုံ၊ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ ပုံစံက အေးချမ်းနေသလိုပဲ ဒါမျိုးကို ကြိုက်တာပါ" လို့ သူကဆိုပါတယ်။ 

Photo: G

 G ဟာ နာမည်ကျော် အနုပညာရှင် ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမတစ်ဦးလည်း ဖြစ်တာကြောင့် သူမရဲ့ သီဆိုယှဉ်ပြိုင်မှုအပေါ် အဒေါ်ဖြစ်သူဆီက မှတ်ချက်တောင်းခဲ့သေးတယ်လို့ ဆိုပါတယ်။

 “ တကယ်ကြီး အရမ်းဆိုးနေလားပေါ့ သမီး သီချင်းဆိုတာကလို့ မေးတော့ သူက အရမ်းကြီးတော့ မဆိုးပါဘူးတဲ့။ ဒါပေမယ့် မကောင်းလဲ မကောင်းဘူးပေါ့။ တကယ်တမ်းလည်း ဟုတ်ပါတယ်။ သူပြောမှ ပိုတောင် အဓိပ္ပာယ်ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အဒေါ်လည်းဖြစ်တယ်၊ ဂီတနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့သူတစ်ယောက်လည်းဖြစ်တယ်၊ All is Opinion ရတာ ပိုကောင်းပါတယ်။ အဲဒါမှလည်း ကိုယ် တိုးတက်မှာလေ” လို့ သူက ဆိုပါတယ်။ 

G ဟာ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ "It Will Rain" သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်စဉ်တုန်းက မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဖူးလို့ ပြောခဲ့မိတာကြောင့် တချို့သော သူတွေနဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း G ကတော့ The Voice Myanmar မှာ နီနီခင်ဇော်ရဲ့ Team အဖွဲ့သားတွေနဲ့အတူတူ ကြိုးစားနေပြီး အကောင်းဆုံး ဆက်လက်ယှဉ်ပြိုင်သွားမှာလို့ ပြောပြခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က