လိုချင်တဲ့ပန်းတိုင်လေးရအောင် အတူတူကြိုးစားနေတယ်လို့ ဆိုပါတယ်။

ချစ်သူ သက်တမ်း(၉) နှစ်အကြာ လက်တွဲထားတဲ့ နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေ တို့ စုံတွဲကတော့ သူတို့ရဲ့ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး နှစ်ဦးသားရဲ့ သဘောဆန္ဒကို နန်းသူဇာက ပြောပြလာပါတယ်။

Photo: Nan Thu Zar



အနုပညာလောကရဲ့ ချစ်သူစုံတွဲလေးတွေထဲက တစ်တွဲဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ တို့ စုံတွဲကတော့ ချစ်သူသက်တမ်း(၉) နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ပရိသတ်တွေက ရွှေလက်တွဲတာ မြင်ချင်နေကြပေမယ့် သူတို့ကတော့ သူတို့ရည်ရွယ်ထားတဲ့ ပန်းတိုင်လေးကို မရောက်မချင်း ကြိုးစားနေလို့ ဆိုပါတယ်။ 

မင်္ဂလာပွဲကို မိဘတွေရဲ့ ငွေကြေးနဲ့ ကျင်းပလို့ ရပေမယ့်လည်း သူတို့ကိုယ်တိုင် စုဆောင်းထားတဲ့ပိုက်ဆံလေးတွေနဲ့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ကျင်းပချင်တာကြောင့် ကိုယ်တိုင်ကြိုးစားပြီး ပိုက်ဆံစုနေတယ်လို့ သူမက ပြောပါတယ်။

 “နှစ်ယောက်စလုံးက ယူမယ်ဆိုရင် ယူလို့ရပြီ။ သူ့ဘက်ကဆိုရင်လည်း သူ့မိဘတွေက အဆင်ပြေတယ်ဆိုရင် ယူလို့ရတယ်။ ဒါပေမယ့် မိဘပိုက်ဆံနဲ့ ပွဲကြီးတွေလုပ်၊ မိဘအိမ်တက်နေဆိုတာထက် ကိုယ်လည်း နည်းနည်း တက်နိုင်သလောက် ကိုယ့်ပိုက်ဆံနဲ့ စုပြီး ပါချင်တာပေါ့နော်။ အဲဒါတွေကြောင့်လည်း ပါတယ် မယူဖြစ်သေးတာ။ ကိုယ်တွေ နှစ်ယောက်က စိတ်သဘောထားချင်းလည်း တူတယ်၊ ရန်ဖြစ်တာတွေလည်းရှိတော့ ရှိတာပေါ့နော်။ အတွေးအခေါ်တွေကတော့ နှစ်ယောက် အတူတူ တိုင်ပင်လို့ရတယ်” လို့ ဆိုပါတယ်။ 



Photo: Nan Thu Zar

သူတို့နှစ်ဦးဟာ အခုလိုမျိုး ချစ်သူသက်တမ်း ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ပိုရှိလာတယ်လို့ Duwun ရဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောပြခဲ့ပါတယ်။ အဆိုတော် ကျော်ထွဋ်ဆွေရဲ့ ချစ်စရာကောင်းတဲ့အချက်လေးတစ်ချက်ကိုလည်း နန်းသူဇာက ရှက်ရှက်နဲ့ အခုလို ရင်ဖွင့်ခဲ့ပါသေးတယ်။

” ကိုကျော်ကြီးက အရမ်းသဝန်တိုတာ အခုချိန်ထိပဲ။ ဒီ Covid ကာလမှာတောင်မှ ဘယ်တွေသွားလဲ အမေးခံနေရတုန်းပဲ မသွားပါဘူးလို့ပြန်ဖြေရှင်းနေရတယ်။ သူ သဝန်တိုတာကို လိုက်ညှိရင်း ကိုယ်ကလည်း Level တူသွားတယ်”လို့ ဆိုပါတယ်။



Photo: Nan Thu Zar

နန်းသူဇာက အဆိုတော်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က