မိန်းကလေးတွေက နောက်စရာ၊ ပြောင်စရာ မဟုတ်ဘူး။

အဆိုတော် ပိုပို ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်ဝေဖန်မှုတွေ ကြုံနေရတဲ့ ကြော်ငြာ အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Po Po



ပိုပိုကတော့ လက်ရှိ လူမှုကွန်ယက်ပေါ်မျာ ပျံ့နှံ့နေတဲ့ ဖိနပ်ကြော်ငြာကိုကြည့်ရှုပြီးပြီလို့ သိရပါတယ်။ သူမအနေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အနှောင့်အယှက်ဖြစ်စေမယ့် ရိုက်ကူးမှုမျိုးကို အားမပေးဘူးလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အဲဒီ မိန်းကလေးကို ကြည့်ရတာ စိတ်ထဲမှာ မလုံခြုံသလို ခံစားရတယ်။ စိတ်မလုံခြုံတာပေါ့နော်။ အပြင်မှာသာ အဲဒီလို ကိုယ့်ကို ကြည့်နေရင် တော်တော် ဒုက္ခရောက်မှာပဲ ဆိုပြီးတော့ ဆက်မကြည့်ချင်တော့ဘူး။ အမျိုးသမီးတွေရဲ့ ပုံရိပ်ကို ထိခိုက်ပြီးတော့ မိန်းကလေး တစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာကို အနှောင့်အယှက်ပေးတာမျိုးကို တခြားသူတွေက လက်ခံနေတယ်ဆိုတဲ့ ပုံစံကြီးဖြစ်သွားတာပေါ့နော်။ ပိုပိုတို့ရဲ့ လူ့ အသိုင်းအဝိုင်းအဝိုင်းကို ဒီလို Message မျိုး မရောက်စေချင်ဘူး။ မဖြစ်စေချင်ဘူး။ အပြင်မှာလည်း အဲဒီလို အငမ်းမရဖြစ်နေတဲ့ ယောင်္ကျားလေးတွေလည်း မရှိသလို မလုပ်လည်း မလုပ်သင့်ဘူးလို့ မြင်တယ်။ အပြင်က အမျိုးသားတွေကလည်း အခုလို အငမ်းမရ ဖြစ်မှာ မဟုတ်ဘူးလေ။ ကိုယ်လည်း တစ်ခါမှတော့ မမြင်ဖူးဘူး။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်ကို အပျော်သဘော အနေနဲ့ ကျတော့ သဘောမကျဘူး" လို့ သူက ဆိုပါတယ်။ 

Photo: Po Po

ယင်း ဖိနပ်ကြော်ငြာကို လူမှုကွန်ယက်ပေါ်မှာ ထင်မြင်ချက် အမျိုးမျိုးနဲ့ ဝေဖန်သူတွေ ရှိနေခဲ့ပါတယ်။ အဓိက အကြောင်းအရင်းမှာတော့ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ထိပါးစော် ကားသော ရိုက်ကူးမှုများ ပါဝင်သည်ဟုဆိုကာ ပြင်းထန်စွာ ဝေဖန် နေကြခြင်းဖြစ်ပါတယ်။ 

ဒါကြောင့် ဂီတလောကမှာ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော် ပိုပို ကိုယ်တိုင်ကလည်း အမျိုးသမီးတစ်ယောက် အနေနဲ့ ဒီကြော်ငြာနဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါတယ်။ 

" မိန်းကလေးတွေက နောက်စရာ၊ ပြောင်စရာ မဟုတ်ဘူးပေါ့နော်။ အစကတည်းက ယောင်္ကျားလေးတွေက မိန်းကလေးတွေကိုပဲ လုံလုံခြုံခြုံဝတ်ခိုင်းနေတယ် သူတို့စိတ်ကိုတော့ သူတို့ မပြင်ကြဘူး။ မိန်းကလေးတွေ လုံခြုံသွားရင် သူတို့ စိတ်လည်း လုံခြုံတယ်လို့ ထင်နေသလား မသိဘူးပေါ့နော်။ ယောင်္ကျားလေးတွေရဲ့ တန်ဖိုးလည်း မနိမ့်ကျအောင် မိန်းကလေးတွေရဲ့ တန်ဖိုးကိုလည်း နှိမ့်ချတဲ့ အပြုအမူ ရှိတာမျိုးတွေ ရိုက်တာကိုတော့ အားလည်းမပေးဘူး။ လက်လည်း မခံဘူး။ အမျိုးသမီးတွေရဲ့ ဘဝက စိတ်ချ လုံခြုံသင့်တယ်။ ယောင်္ကျားလေးတွေကလည်း ဆင်ခြင်သင့်ပါတယ်"လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Po Po

ပိုပိုကတော့ ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိထားသူဖြစ်ပြီး ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူမကိုတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အခွေမှာကတည်းက ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က