သူမရဲ့ မိသားစုအကြောင်းလေးတွေ ပြောပြလာပါတယ်။
Sabal Thwin

ချောရတနာကတော့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ သူမရဲ့ မိသားစု ဘဝလေးကို အခုလို ပြောပြလာပါတယ်။ 

သရုပ်ဆောင် ချောရတနာတို့ ဇနီးမောင်နှံကတော့ အခုဆိုရင် အိမ်ထောင်သက်တမ်း (၁၈) နှစ်ရှိလာပြီဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူတဲ့ ကြားက မိသားစု ဘဝလေး တည်ဆောက်ထားတဲ့ အကြောင်းကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အစ်မတို့ နှစ်ယောက်က အသွင်လည်း မတူ အကြိုက်လည်း မတူတဲ့ အခါကျတော့ ယောင်္ကျားကောင်းဆိုပေမယ့် ညှိရတာလေးတွေတော့ ရှိတယ်။ အရမ်း အဆင်ပြေနေတဲ့ အိမ်ထောင်ဆိုတာ မရှိဘူး။ ရှိတယ်ဆိုရင်လည်း အစ်မ ထင်တာတော့ ရှားတယ်ပေါ့နော်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေအောင် နေနေကြတယ်။ အစ်မ အမျိုးသားဆိုရင်လည်း အကောင်းဆုံး သူတတ်နိုင်သလောက် မိသားစုအတွက် ဖြည့်ဆည်းပေးတယ်။ ဒါပေမယ့် အိမ်တွင်းရေးပြဿနာလေးတွေ ဆိုတာ သူ့ဟာနဲ့သူ ရှိကြပါတယ်။ ဒါပေမယ့်လည်း အစ်မက ယောက်ျားကောင်း တစ်ယောက် ရထားတာပါ” လို့ သူက ဆိုပါတယ်။ 

Photo: Chaw Yandanar

ချောရတနာက လက်ရှိမှာ သားတစ်ယောက် သမီး တစ်ယောက် ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်လို့နေပါပြီ။ ဇနီးမောင်နှံ နှစ်ယောက်ကြားမှာ သားသမီးတွေကြောင့် ကိုယ်ပိုင်ပြောင်းလဲမှုလေးတွေ ရှိလာတယ်လို့ သူက ဆိုပါတယ်။ 

“ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရမယ်၊ လင်မယားနှစ်ယောက်တည်း ရှိတဲ့အချိန်တုန်းက သူလဲ သူပြောချင်တာပြော၊ ကိုယ်လည်း ကိုယ်ပြောချင်တာပြောပေ့ါ။ အခုက ကလေးတွေလည်း ရှိလာပြီဆိုတော့ နည်းနည်း ထိန်းရတာပေါ့နော်။ ပြောချင်တိုင်း ပြောလို့ မရဘူး။ အခုဆို သူ့ကိုလည်း ကိုယ်ပြောစရာ မလိုဘူး၊ ကိုယ့်ကိုလည်း သူပြောစရာမလိုဘူး။ ကိုယ့်ဘာသာကိုယ် ပြင်သွားကြတာပဲ။ ဒါကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေသွားကြတာပေါ့” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Chaw Yandanar

ချောရတနာဟာ ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၀၂ ခုနှစ် ကတည်းက အိမ်ထောင်ပြုခဲ့တာ ဖစ်ပါတယ်။ သူမရဲ့ သားလေးကတော့ လက်ရှိမှာ (၅) နှစ်ကျော်အရွယ်ရောက်နေပြီဖြစ်ပါတယ်။ သမီးလေးကတော့ အသက်(၂) နှစ်ကျော်လာခဲ့ပါပြီ။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က