အမြွှာလေး နှစ်ယောက်ရဲ့ ဝါသနာက ဘာဖြစ်မလဲ။

(၃)နှစ်အရွယ်သာ ရှိသေးတဲ့ အဆိုတော် ဝေလျှံရဲ့ အမြွှာသားလေး နှစ်ယောက်မှာတော့ အနုပညာပိုးလေးတွေ မြင်နေရပြီလို့ ဖခင်ဖြစ်သူ ဆိုပါတယ်။ 

အဆိုတော် ဝေလျှံရဲ့ သားလေးတွေဖြစ်တဲ့ Frank နဲ့ Trank ကတော့ ဖခင်ရဲ့ အနုပညာသွေးတွေ စီးဆင်းနေတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ သူတို့လေးတွေဟာ ဖခင်လိုပဲ အနုပညာကို ဝါသနာပါတယ်လို့ သိရပါတယ်။ သားအကြီးလေး Frank ကတော့ သရုပ်ဆောင်တာကို ဝါသနာပါပြီး အငယ်လေး Trank ကတော့ ဖခင်လို သီချင်းဆိုတာကို ဝါသနာပါတာတွေ့ရတယ်လို့ ဝေလျှံက ဆိုပါတယ်။



 “အခုချိန်မှာတော့ သားလေးနှစ်ယောက်မှာ ကျွန်တော့်လို အနုပညာကို ဝါသနာပါတဲ့ အပိုင်းလေးတွေတွေ့နေရပြီ။ အကြီးလေးဆိုရင် သီချင်းလေးတွေ ဖွင့်ပြီးကနေတတ်တယ်။အငယ်လေးကတော့ သီချင်းတွေကို လိုက်ဆိုနေတတ်ပြီ။ တခြား ဝါသနာတွေကို ကျွန်တော် မမြင်နိုင်သေးဘူး။ ဒါကြောင့် သူတို့ (၇) တန်း၊ (၈) တန်းလောက်မှာ ဖြစ်လာမယ့် ဝါသနာကို ပံ့ပိုးပေးသွားမှာပါ။ သူတို့ အသက်မွေးဝမ်းကျောင်းနဲ့ သူတို့ ဝါသနာပါတာကို လုပ်ရမယ်ဆိုရင် ပိုပြီးတော့ အောင်မြင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ သူက Duwun ကိုပြောပါတယ်။

Photo: Wai hylan

အဆိုတော် ဝေလျှံတို့ ဇနီးမောင်နှံကတော့ သားလေးတွေက အမြွှာလေးတွေ ဖြစ်ပြီး Frank နဲ့ Trank ဆိုပြီးတော့ နာမည်ပေးထားတာတွေ့ရပါတယ်။ ဝေလျှံကတော့ လက်ရှိမှာ မိသားစုကို ဦးဆောင်နေရသူဖြစ်ပြီး အချိန်နဲ့အမျှ သားလေးတွေ ရှေ့ရေးအတွက် အမြဲတမ်း စဥ်းစားနေမိတယ်ဆိုပြီး သားလေးတွေအပေါ်ထားတဲ့ သူ့ရဲ့ စိတ်လေးတွေကို ထပ်မံပြောပြလာပါတယ်။

 “ အရင်တုန်းကတော့ ဆိုးခဲ့ကြတာတွေလည်း ရှိပါတယ်။ အခုကျတော့ သားနှစ်ယောက်ရှိလာတဲ့ အချိန်မှာ အရင်တုန်းက ကိစ္စတွေက အရေးမကြီးတော့ဘူး။ ကျွန်တော်တို့ လင်မယား နှစ်ယောက်စလုံးရဲ့ ခေါင်းထဲမှာလည်း သားနှစ်ယောက်အတွက်ပဲ တွေးတော့တယ်။ သူတို့ နှစ်ယောက်ရဲ့ ရှေ့ရေးအတွက်ကိုပဲ အမြဲ စဉ်းစားဖြစ် နေတာဆိုတော့ တခြား ကိစ္စတွေက အရေးမကြီးတော့တာပေါ့” လို့ သူက ပြောပါတယ်။ ဖခင်တစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ သားလေးတွေအတွက်ဆိုတဲ့ စိတ်နဲ့ အလုပ်တွေကို ပိုကြိုးစားချင်လာတယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။


Photo: Wai hylan

ဝေလျှံတို့ဇနီးမောင်နှံဟာ၂၀၁၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က La Plateur Restaurant And Lounge မှာ စေ့စပ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ (၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးရဲ့ ရင်သွေးလေးတွေကိုတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က မွေးဖွားခဲ့တာပါ။ 

ဝေလျှံကိုတော့ သင်္ကြန်သီချင်းတွေ ကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့ကြတာပါ။ သူဟာ ဂီတလောကမှာလည်း အောင်မြင်နေသူ ဖြစ်သလို သရုပ်ဆောင် တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က