စီးပွားရေးကတော့ မဖြစ်မနေလုပ်ရမှာပါ။

ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမလေး G ကတော့ ဂီတကို ဝါသနာပါပေမယ့် Volunteer လုပ်နေရတာက သူမအတွက်ပို စိတ်ချမ်းသာစရာကောင်းတဲ့အကြောင်းပြောလာပါတယ်။ 

Photo: G



အဆိုတော် ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမလေး G ကတော့ ရွှေနန်းတော်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်ပါတယ်။ သူမဟာ မိဘတွေရဲ့ စီးပွားရေးကို တစ်ချိန်မှာ ဦးဆောင်ရမယ့် သူဖြစ်တာကြောင့် စီးပွားရေးနဲ့ ပတ်သက်တဲ့ သူမရဲ့ ခံယူချက်တွေကို Duwun ကနေ ပြောလာပါတယ်။ 

“ ညီမအနေနဲ့ စီးပွားရေးကတော့ မဖြစ်မနေ လုပ်ရမယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တစ်ယောက်တည်းပဲ ရှိတာဆိုတော့ မလုပ်လို့လည်း မရဘူး။ မလုပ်ဖို့ဆိုတာ စဉ်းစားလို့တောင် မရဘူး။ ကျန်တဲ့ဟာပါ လုပ်မယ်ဆိုရင်တော့ အကုန်လုံး မျှပြီးတော့ လုပ်ရမှာပေါ့။ ညီမက အဓိက အနေနဲ့ volunteer အလုပ်ကို ဦးစားပေးလုပ်ချင်တာပါ။ သီချင်းကတော့ အဆင်ပြေရင် ပြေသလို အပျော်သဘောလုပ်မယ်။ တကယ်ကြီး အောင်မြင်နိုင်မယ် ဆိုရင်လည်း တကယ် လုပ်ဖြစ်ရင် လုပ်ဖြစ်မှာပေါ့ ” လို့ ဆိုပါတယ်။ 

Photo: G

လက်ရှိမှာလည်း G က Covid ကာလမှာ Volunteer တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတာပါ။ Volunteer လုပ်ရတာ လူပင်ပန်းပေမယ့် စိတ်မပင်ပန်းတာကြောင့် ကောင်းတာလေးတွေလုပ်ပြီး လူတွေကို ကူညီချင်တယ်လို့ G က ဆက်လက် ပြောပြလာပါတယ်။ 

“ ပရဟိတအလုပ်ကတော့ အချိန်စောင့်နေစရာမလိုဘူး။ အမြဲတမ်းလည်း လုပ်လို့ရနေတယ်လေ။ ဒါကြောင့် ပရဟိတ အလုပ်က ညီမအတွက် ပထမဦးစားပေးပေါ့။ အိမ်က စီးပွားရေးကတော့ မလုပ်လို့ မရဘူး။ သပ်သပ်စီပေါ့။ ပရဟိတအလုပ်က လူပဲ ပင်ပန်းတာ စိတ်မပင်ပန်းဘူး။ ညီမက အာရုံနောက်တာ သိပ်မကြိုက်တော့ လူပင်ပန်းလို့ရတယ် စိတ်ပင်ပန်းတာ မခံနိုင်ဘူး။ အဖေ့ကို ကြည့်ရင်လေ စိတ်က အမြဲပင်ပန်းနေတာ။ သူလည်း ဒါက ဝါသနာ ကြောင့်လို့ထင်ပါတယ်။ သူ့လိုလည်း ကိုယ်က အပင်ပန်း မခံချင်ဘူး ဒါကြောင့် ကောင်းတာလေး လုပ်ပြီး လူတွေကို ကူညီနေရတာနဲ့တင် ပျော်နေပြီ” လို့ဆိုပါတယ်။ 

Photo: G

G ကတော့ The Voice Myanmar (Season 3) Blind Auditions သီချင်းဆိုပြိုင်ပွဲမှာ "It Will Rain" သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်စဉ်တုန်းက မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ဖူးလို့ ပြောခဲ့မိတာကြောင့် တချို့သော သူတွေနဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း G ကတော့ The Voice Myanmar မှာ နီနီခင်ဇော်ရဲ့ Team အဖွဲ့သားတွေနဲ့အတူတူ ကြိုးစားနေပြီး အကောင်းဆုံး ဆက်လက်ယှဉ်ပြိုင်သွားမှာလို့ ပြောပြခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က