မမေ့နိုင်စရာ အမှတ်တရလေးကို ပြောလာပါတယ်။

ဆွေဇင်ထက်ကတော့ ဂေဂေးနဲ့ ချစ်သူဖြစ်တာ (၃) နှစ်အတွင်းမှာ သူမအတွက် အမှတ်တရအဖြစ်ဆုံး အရာလေးကို အခုလို ပြောပြလာပါတယ်။ 

Photo: Swe Zin Htet



အဆိုတော် ဂေဂေးနဲ့ အလှမယ်လေး ဆွေဇင်ထက်တို့က အခုဆိုရင် ချစ်သူ သက်တမ်း(၃) နှစ်ရှိပါပြီ။ နှစ်ယောက်သားရဲ့ ချစ်ခရီးလမ်းမှာ မမေ့နိုင်စရာ အမှတ်တရလေးတွေရှိခဲ့သလို အဲဒီ အမှတ်တရတွေထဲက တစ်ခုကို ဆွေဇင်ထက်က Duwun ကို ပြောလာပါတယ်။ 

“ တစ်ယောက်နဲ့ တစ်ယောက် အမှတ်တရတွေကလည်း အများကြီးရှိတယ်။ ဒါပေမယ့် ကိုယ် မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုက ဂေဂေးရဲ့ မွေးနေ့မှာ သူ့အတွက် Surprise လုပ်ပေးဖြစ်တာလေးပေါ့။ အဲဒီတုန်းက ဂေဂေးရဲ့ ပရိသတ်တွေက ညီမနဲ့ တိုင်ပင်ပြီးတော့ ဂေဂေးကို တစ်ယောက်မှ သွားမပြောပဲနဲ့ Surprise လုပ်ပေးကြတာလေးက အရမ်းပျော်ဖို့ကောင်းခဲ့တယ်” လို့ ဆိုပါတယ်။ 

Photo: Swe Zin Htet

ဆွေဇင်ထက်ကတော့ ဂေဂေးထက် အသက်ငယ်တယ်လို့ သိရပါတယ်။ ဂေဂေးက အကြီးတစ်ယောက် ဖြစ်သလို ဆွေဇင်ထက်ရဲ့ အနုပညာအလုပ်အပေါ်မှာလည်း ပံ့ပိုးပေးခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။  

“ တစ်ယောက်နဲ့ တစ်ယောက်က ရန်သတ်ကြတာတော့ ရှိတယ်။ ဒါပေမယ့် ကိုယ်ကပဲ ဆိုးတာပါ။ နှစ်ယောက်ကတည်း ကိစ္စသေးသေးလေးတွေနဲ့ပဲ စကားများတာပါ။ ကိစ္စအကြီးကြီးလည်း မဖြစ်ဖူးဘူး။ တစ်ယောက်နဲ့ တစ်ယောက်မှာ ကိုယ်က ပိုချစ်တယ်၊ သူက ပိုချစ်တယ် ပြောလို့လည်း မရဘူး။ နှစ်ယောက် စလုံးက ညီတူမျှတူ ချစ်ကြပါတယ်။ ပြီးတော့ သူ့ရဲ့ အလုပ်ကိုလည်း ညီမက ပံ့ပိုးပေးတာတွေရှိသလို၊ ညီမရဲ့ အလုပ်ကိုလည်း သူ့ဘက်က ပံ့ပိုးပေးတာတွေရှိပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Swe Zin Htet

ဆွေဇင်ထက်ကတော့ Miss Universe Myanmar 2019 ဆုကို ရရှိထားတဲ့ အလှမယ် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းက အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ဆွေဇင်ထက်ရဲ့ National Costume ကတော့ ကျွဲတစ်ကောင်ရဲ့ ပုံစံဝတ်ဆင်ထားတဲ့ ဝတ်ရုံကနေ ကောက်စိုက်သမလေး အသွင်ကို ကူးပြောင်းခဲ့တဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုရရှိခဲ့သူဖြစ်ပါတယ်။ သူမရဲ့ ချစ်သူ အဆိုတော် ဂေဂေးကတော့ " မောင့် နောက်လိုက်ခဲ့မယ်" ဆိုတဲ့ သီချင်းကနေ တဆင့် အောင်မြင်လာခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က