ချစ်သူရဲ့ စိတ်နေစိတ်ထားတွေကို ပြောပြလာပါတယ်။

အေသင်ချိုဆွေကတော့ သူမရဲ့ ဘဝမှာ လူကောင်းတစ်ယောက်နဲ့ ဆုံတွေ့ရတာဟာ အရမ်းကို စိတ်ချမ်းသာဖို့ကောင်းတယ်လို့ ဆိုပါတယ်။

Photo: Athen Cho Swe



အဆိုတော် အေသင်ချိုဆွေကတော့ သူမရဲ့ မိသားစုကိုရော၊ သမီးလေးကိုပါ တန်ဖိုးထားပြီး ချစ်ပေးတဲ့ ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ သူမရဲ့ ချစ်သူက သူဌေးသားတစ်ယောက် မဟုတ်ပေမယ့် စိတ်သဘောထားပြည့်ဝတဲ့သူဖြစ်တယ်လို့ Duwun ကို ပြောပြခဲ့ပါတယ်။ 

“ သူ့ကို လက်ခံလိုက်တဲ့ အကြောင်းအရင်း (၂) ချက်ရှိတယ်။ အမေ နဲ့ တော်တော် အဆင်ပြေတာရယ်၊ Ivy လေးကို သူ့ရဲ့ သမီးအရင်းတစ်ယောက်လို ချစ်တာရယ်ပေါ့။ အဓိက ကတော့ ကိုယ်ကျင့်တရားကောင်းတယ်၊ အလုပ်ကြိုးစားချင်တဲ့ စိတ်ရှိတယ်။ ပြီးတော့ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရားရှိတယ်။ ချစ်သူက သာမန်ထဲကပါပဲ။ အရမ်းချမ်းသာပြီးတော့ ပိုက်ဆံရှိတဲ့ သူဌေးသားတစ်ယောက်လည်း မဟုတ်ဘူး။ သူက သူ့မိသားစုကိုလည်း တန်ဖိုးထားသလို ကိုယ့်မိသားစုကိုလည်း တန်ဖိုးထားတယ်။ အဓိ ကတော့ သူ့ရဲ့ စိတ်ထားလေး အရမ်းကောင်းတယ်။ ဒီ့ထက် စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ဖြစ်မှာပါ” လို့ ဆိုပါတယ်။ 

Photo: Athen Cho Swe

အေသင်ချိုဆွေဟာ အချစ်ရေးနဲ့ ပတ်သက်လာရင် သူမအတွက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်လာခဲ့ပြီလို့ ဆိုပါတယ်။ ချစ်သူဘက်က မိဘတွေကလည်း အေသင့်ကိုရော၊ Ivy လေးကိုပါ ချစ်ခင်ပေးကြလို့ ဝမ်းသာပီတိဖြစ်နေမိတယ်လို့လည်း သူက ပြောပါတယ်။ 

“ အချစ်ရေးက ကံကောင်းတယ်လို့ပြောလို့ရတယ်။ ဒီဘက်ခေတ်မှာ Reletionship တွေ ဖြစ်တယ်၊ ပြတ်တယ်၊ ဒါကို အယုံအကြည် မရှိခဲ့ပေမယ့် အခု ပိုင်ဆိုင်ထားတဲ့ Reletionship ကတော့ စိတ်ချမ်းသာစရာကောင်းပါတယ်။ ဘဝမှာ အဆိုးတွေ ကြုံခဲ့ပြီးပြီ။ ဒီတစ်ခါတော့ လူကောင်းနဲ့ ဆုံတယ်လို့ အေသင်မြင်ပါတယ်။ ပြီးတော့ သူ့ဘက်က မိဘတွေကလည်း အေသင့်ကိုရော၊ Ivy ကိုရော ချစ်တယ်။ လက်လည်း လက်ခံတယ်။ အဓိက ကတော့ ပတ်ဝန်းကျင်မတူတဲ့သူနှစ်ယောက်က ပေါင်းသင်းရမှာဖြစ်တဲ့အတွက် နှစ်ယောက်တည်း အဆင်ပြေနေလို့မရဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေရော အဆင်ပြေမှ အိမ်ထောင်ရေးက ပိုပြီးတော့ အဆင်ပြေမှာလေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Athen Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က