အပြင်သွားတဲ့အခါတိုင်း Safe ဖြစ်အောင် ဂရုစိုက်တယ်။

သူ့အနေနဲ့ ကိုဗစ် ကူးစက်နိုင်တဲ့ရောဂါအခံတွေ ရှိနေပေမယ့် အိမ်ထဲမှာ ထိုင်မနေဘဲ အသင်းသားတွေနဲ့အတူ ပရဟိတအလုပ်တွေကို အားတတ်သရော လုပ်ဆောင်နေတာ တွေ့ရပါတယ်။

 

Photo: Kyaw Thu



ဦးကျော်သူကတော့ Covid ကာလမှာ နာရေးကူညီမှုအသင်း နဲ့ အတူ ပရဟိတအလုပ်တွေကို နေ့မနား၊ ညမအား လုပ်ဆောင်နေတဲ့သူတစ်ယောက်ပါ။ ကိုဗစ်ကူးစက်နိုင်တဲ့ရောဂါအခံတွေရှိနေပေမယ့်လည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ကာကွယ်ကာ အများအတွက် ပရဟိတအလုပ်တွေ လုပ်ဆောင်မြဲ လုပ်ဆောင်နေဆဲ တွေ့ရပါတယ်။ 

“ဒီရောဂါပိုးကတော့ လူတိုင်း စိုးရိမ်တာပဲပေါ့။ ကူးစက်မှာကို လူတိုင်း ကြောက်ကြပါတယ်။ ကျွန်တော်တို့က ပရဟိတသမားဖြစ်တဲ့အတွက် ဒုက္ခရောက်နေတဲ့လူတွေကို ကူညီဖို့ ဒီအသင်းကို ဖွဲ့ထားတာပါ။ ကိုယ့်အတွက် လုပ်တာမဟုတ်ပဲ အများအတွက် လုပ်ရတာ ဖြစ်တဲ့အတွက် ဒီလို စိုးရိမ်မှုကို ကိုယ့်ကိုယ်ကိုယ် Safe ဖြစ်အောင် ကာကွယ်ရေးဝတ်စုံတွေနဲ့ သွားရတာ။ အဓိကကတော့ ကျန်းမာရေးဝန်ကြီးဌာနက ပြောတဲ့ အတိုင်း သေချာဂရုတစိုက်လုပ်ခဲ့တာကြောင့် ကျွန်တော့်အသင်းမှာ Covid ကူးစက်တဲ့သူ တစ်ယောက်မှ မရှိသေးပါဘူး”လို့ သူက Duwun ကိုပြောပါတယ်။

Photo: Kyaw Thu

လက်ရှိမှာ ဦးကျော်သူဟာ ကိုဗစ် ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ဆီးချိုနဲ့သွေးတိုး ရောဂါတွေကိုခံစားနေရတာ ဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အခုလို ပြောပြခဲ့ပါတယ်။

“ လက်ရှိ ကျွန်တော့် ကျန်းမာရေး အခြေအနေက နှလုံးခွဲထားရတယ်၊ သွေးကြော(၄) ချောင်း လဲထားရတယ်။ ဆီးချိုရှိတယ်၊ သွေးတိုးနည်းနည်းလေးရှိတယ်။ ဒါတွေက Covid အကြိုက်တွေပေါ့လေ။ ဒါကြောင့် ကျွန်တော်လည်း ကာကွယ်မှု အပြည့်လုပ်ရတယ်။ အသင်းက ထွက်တာနဲ့ Mask တပ်တယ်၊ ကာကွယ်ရေး ဝတ်စုံတွေ အပြည့်ဝတ်ရတယ်။ အိမ်ရောက်ပြီဆိုရင် ကိုယ့်ဝတ်စုံတွေကို လျှော်မယ့်ခြင်းတောင်းထဲ ထည့်တယ်။ ရေချိုး၊ ခေါင်းလျှော်တယ်။ ပြီးတော့ ဂျင်းနဲ့ပျားရည်စိမ်ထားတာကို အမြဲသောက်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုကတော့ အမြဲတမ်း လုပ်နေရတာပေါ့” လို့ဆိုပါတယ်။

 

Photo: Kyaw Thu

ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က