ကိုယ်ပိုင် သီချင်းလေးတွေ မြင်ရတော့မှာပါ။

Annie ကတော့ The Voice Myanmar (Season-3) ကနေ ထွက်လိုက်ရပေမယ့် ဂီတလမ်းကြောင်းပေါ်မှာ ဆက်လျှောက်နေဦးမယ်လို့ဆိုပါတယ်။ 

Photo: Annie



Annie ကတော့ The Voice Myanmar (Season-3) ရဲ့ Battle Round ကနေ ပရိသတ်ကို နှုတ်ဆက်ခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ သူမအတွက် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ ဒါပေမယ့် Annie က ဂီတကို ဝါသနာကြီးသူဖြစ်တာကြောင့် သီချင်းတွေ ဆက်လုပ်နေဦးမယ်လို့ Duwun ကို ပြောပါတယ်။ 

“ ညီမပြောချင်တာကတော့ ပြိုင်ပွဲကတော့ ပြိုင်ပွဲပါပဲ။ ညီမက လိုအပ်ချက်များတယ်။ အခုချိန်မှာတော့ ညီမလုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်နေမှာပဲ။ စိတ်မကောင်းဖြစ်တာကလည်း ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေက ဝမ်းနည်းကြတယ် ဆိုတဲ့ အပေါ်ကို စိတ်မကောင်းဖြစ်တာပါ။ ကိုယ်လည်း ဒီ ဂီတလောကထဲမှာ ရှိနေဦးမှာပါ။ သီချင်းတွေလည်း ဆက်လုပ်ဦးမှာဆိုတော့ ဘာမှ စိတ်မကောင်း မဖြစ်ဖို့ ပြောချင်ပါတယ်။ အားလုံးနဲ့ အမြဲ အတူတူ ရှိနေမှာပါ” လို့ ဆိုပါတယ်။ 

Photo: Annie

Annie ဟာ Cover Song တွေကို ပြန်လည်သီဆိုရင်း ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ အဆိုရှင်လေး ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ ကိုယ်ပိုင်သီချင်းလေးတွေ ပုံဖော်ဖို့ ပြင်ဆင်နေပြီလို့လည်း ပြောခဲ့ပါသေးတယ်။

“ အခု သီချင်း အသစ်တွေလုပ်ဖို့အတွက် Project စလုပ်နေပြီ။ Cover Song တွေက ကျတော့ ရှိပြီးသား သီချင်းတွေကို ပြန်ဆိုရတဲ့ အချိန်မှာ ပိုပြီးတော့ တွေးရတယ်လို့ ညီမထင်တယ်။ မူရင်း သီချင်းက ကိုယ်ဆိုလိုက်မှ အရသာမရှိတော့မှာ၊ အရမ်းကြီး ကွဲထွက်သွားမှာတွေကို အများကြီး တွေးရတယ်။ ကိုယ့်သီချင်းကျတော့ ကိုယ်ကြိုက်သလို ဆိုလို့ရတယ်။ စိတ်လည်းပေါ့တယ်။ ညီမ ဆိုနေကြ သီချင်းပုံစံတွေဖြစ်တဲ့ R&B သီချင်းပုံစံတွေအပြင် ကိုယ်နဲ့ လိုက်မယ့် Music Type တွေကိုပဲ ရှာဖွေပြီး သီချင်းတွေ ဖန်တီးသွားမှာပါ" လို့ ဆက်လက်ပြောပြလာပါတယ်
။ 

Photo: Annie

Annie ဟာ ၂၀၁၇ လောက်ကတည်းက သူမကြိုက်နှစ်သက်တဲ့ အင်္ဂလိပ်သီချင်းလေးတွေကို Cover Song အဖြစ် သီဆိုရင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြန်လည် မျှဝေခဲ့ရာမှာ ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ The Voice Myanmar(Season-3) မှာ Team Kyar Pauk အဖွဲ့ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က