ကြိုးစားကြည့်ချင်တယ်တဲ့။

မေမဒီကတော့ သရုပ်ဆောင်ဘက်မှာ ကြိုးစားသွားချင်တဲ့ သူမရဲ့ ဆန္ဒလေးကို ပြောပြလာပါတယ်။ 

Photo: May Madi



မေမဒီကတော့ အနုပညာလောကထဲမှာ အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ အနုပညာအလုပ်တွေ လုပ်သွားချင်တယ်လို့ Duwun ကို ပြောပါတယ်။ 

“ ညီမက အရင်တုန်းကလည်း သရုပ်ဆောင် အလုပ်ကို လုပ်ခဲ့ဖူးတာဆိုတော့ အခွင့်အရေးရခဲ့မယ် ဆိုရင် သရုပ်ဆောင် အလုပ်ကို လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကိုယ်က သူများနဲ့ မတူဘူး။ ဗီလိန်လုပ်ရတာကို ပိုကြိုက်တယ်၊ အရင်တုန်းကလည်း ဗီလိန်ကာရိုက်တာလေးတွေ ရိုက်ခဲ့ဖူးတာဆိုတော့ ဒီဇာတ်ရုပ်ကို တော်တော် သဘောကျပါတယ်။ တကယ်လို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဗီလိန် ဇာတ်ကားမျိုးလေးတွေ ရိုက်ချင်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: May Madi

မေမဒီက အနုပညာနဲ့ ပတ်သက်လာရင် ငယ်စဉ်ကတည်းက ဝါသနာကြီးသူ တစ်ယောက်လို့ သိရပါတယ်။ ဒါကြောင့် သူ့ရဲ့ အနုပညာအပေါ် ထားရှိတဲ့ ခံယူချက်တွေကို အခုလို ပြောပြလာပါတယ်။ 

“ ညီမက အနုပညာနဲ့ ပတ်သက်ပြီးတော့ အခုချက်ချင်းပေါ်လိုက်၊ အခုချက်ချင်းပျောက်လိုက် မဖြစ်ချင်ဘူး။ ကိုယ့်ဘဝမှာ အနုပညာသက်တမ်း ရှည်ရှည်လေးနဲ့ တည်တည်ငြိမ်ငြိမ်လေးသွားချင်တယ်။ ပရိသတ် ကြိုက်တဲ့ သီချင်းလေးတွေလည်း လုပ်ချင်ပါသေးတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: May Madi

မေမဒီ ကိုတော့ ပရိသတ်တွေက Myanmar idol(Season-3) သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ကတည်းက စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ စတုတ္ထမြောက် Result Show မှာ ပရိသတ်ကို နှုတ်ဆက်ထွက်ခွာခဲ့ရသူပါ။ ပြိုင်ပွဲပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ သူမဟာ Group Song အခွေ တွေမှာလည်း ပါဝင်သီဆိုနေရသူဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် သြဂုတ်လ(၇) ရက်နေ့ တုန်းကလည်း သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ "This is May Ma D" အခွေကိုထွက်ရှိထားတာ ဖြစ်ပြီး အဆိုတော် Min Z နဲ့ သီဆိုထားတဲ့ " ပြန်မလာနဲ့တော့" သီချင်းကိုလည်း စက်တင်ဘာလ တုန်းက ထွက်ရှိ ခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က