ငယ်ငယ်ကတည်းက နီးစပ်ရာ၊ ကျွမ်းကျင်ရာ ဖြစ်လာမှာပါ။

လွင်မိုးကတော့ ပရိသတ်အချစ်ကို အခိုင်အမာရရှိထားတဲ့ မြေးဖြစ်သူ Liam လေးကို အနုပညာအမွေ ပေးသွားဖို့ အတွက် သူ့ရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။ 

Photo: Lwin Moe



လွင်မိုးကတော့ လက်ရှိအနုပညာလောကမှာ သျှမ်းသျှမ်းတောက် အောင်မြင်နေသူဖြစ်ပြီး အကယ်ဒမီဆုရရှိပြီးသား သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးကလည်း သရုပ်ဆောင် တစ်ယောက်ဖြစ်လို့နေပါပြီ။ အနုပညာအသိုင်းအဝိုင်းထဲမှာ ကြီးပြင်းလာမယ့် မြေးလေး Liam ကလည်း အနုပညာရှင်တစ်ယောက်ဖြစ်လာလေမလားဆိုတဲ့ အပေါ် လွင်မိုးက Duwun ကို အခုလို ပြောပြလာပါတယ်။ 

“ အနုပညာ အမွေပေးရတာ အရမ်းခက်တယ်၊ လွယ်လွယ်ပြောလို့လည်း မရဘူး။ ဒါဖြစ်ရမယ် ဆိုတဲ့ ပုံစံမျိုးလည်း လုပ်လို့မရဘူး။ အခြေအနေတွေကို ကြည့်ရတယ်။ငယ်ငယ်လေးကတည်းက နီးစပ်ရာက ကျွမ်းကျင်ရာဖြစ်လာမှာပေါ့။ အခုဆိုရင် သူ့ အမေကလည်း သရုပ်ဆောင်၊ အဘိုးကလည်း သရုပ်ဆောင် ဆိုတော့ ရုပ်ရှင်သင်တန်းတွေ၊ ပညာတွေ သူသိနေတယ်၊ တတ်နေတယ်၊ သူလည်း ဒါတွေနဲ့ ရင်းနှီးနေတယ်။ သူကိုယ်တိုင်ကလည်း စိတ်ပါနေတယ်ဆိုရင်တော့ လေ့လာရင်း ဖြစ်သွားမှာပေါ့။ ဘဝတစ်ခုလုံးကို ပုံသွင်းရတဲ့ ကိစ္စကြီးပါ။ ဦးရဲ့ သမီးတုန်းကလည်း ဒီလိုဖြစ်ရမယ်၊ ဟိုလိုဖြစ်ရမယ်လို့ ပြောထားတာ မရှိဘူး" လို့ ဆိုပါတယ်။ 

Photo: Lwin Moe

လက်ရှိမှာတော့ လွင်မိုးရဲ့ မြေးလေး Liam ဟာ အသက်(၂) နှစ်ကျော်အရွယ်ရောက်ရှိနေပြီဖြစ်ပါတယ်။ မြေးဖြစ်သူကို ဒီအရွယ်ကတည်းက ဆုံးမသွန်သင်ဖြစ်တဲ့ အရာလေးတွေကို လွင်မိုးက အခုလို ပြောပြလာပါသေးတယ်။ 

“ ဒီအရွယ်က ချစ်စရာအကောင်းဆုံး အချိန်လေ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အကုန်လျှောက်ပြောနေတာ။ သူကြားတာ မှန်သမျှ အကုန် လိုက်ရွတ်နေတော့ ရယ်နေရတာပေါ့။ သူ့အတွက်ကတော့ ကောင်းတာ မကောင်းတာ ခွဲခြားတတ်ရမယ်၊ မလိမ်တတ်ရဘူး၊ မညာတတ်ရဘူး၊ ယုံကြည်အောင် ရဲရဲဝံ့ဝံ့ လုပ်ပြရမယ်၊ မှားတဲ့ ခံစားချက်ကိုလည်း ကောင်းကောင်း ခံစားတတ်ရမယ်၊ မှားတာကို ခံစားတတ်မှ လူတစ်ယောက်က အောင်မြင်မှာလေ၊ မခံစားတတ်ရင် အောင်မြင်မှာ မဟုတ်ဘူး။ အမှားကို အမှားမှန်း သိတဲ့ အခြေခံလေးတွေနဲ့ ထိန်းကျောင်းပေးတာပဲ ကောင်းပါတယ်” လို့ ဆိုပါတယ်။ 

Photo: Lwin Moe

လွင်မိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ သူဟာ ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က