ဂီတအပေါ် ခံယူချက်တွေကို ပြောပြလာပါတယ်။

ဘဝကတော့ The Voice Myanmar (Season-3) ရဲ့ Winner တစ်ယောက်သာ ဖြစ်ခဲ့ရင် သူ့ရဲ့ ရည်မှန်းချက်လေးတွေကို အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။ 

Photo: Ba Wa



ဘဝ ကတော့ The Voice Myanmar (Season-3) ရဲ့ Battle Round မှာ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့သူပါ။ သူ့ အနေနဲ့ ဒီ သီချင်းဆိုပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်နေတာ တွေ့ရသလို Winner တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒကိုလည်း Duwun ကို ပြောပြလာပါတယ်။ 

“ ပြိုင်ပွဲမှာ အကုန်လုံးက Winner ဖြစ်ချင်ကြတဲ့သူတွေချည်းပဲပေါ့နော်။ တကယ်တော့ ကံကြမ္မာက မျက်နှာသာပေးလို့ ကျွန်တော်သာ Winner တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် ကျွန်တော် မသေခင်လေးမှာ ကျွန်တော် ကျေးဇူးဆပ်သင့်တဲ့ သူတွေကို ကျေးဇူးဆပ်မယ်။ ကျွန်တော့် အမေကို အိမ်ကောင်းကောင်းလေး တစ်လုံး ဆောက်ပေးချင်တယ်။ ဒါက ကျွန်တော့်ရဲ့ အိပ်မက်ပါ။ ကူညီစရာရှိတဲ့သူတွေကို ကူညီမယ် ဒီလောက်ပါပဲ။ အကောင်းဆုံးဖြစ်မယ့် လုပ်ဆောင်ချက်တွေနဲ့ တိုးတက်မှုတွေရှိလာအောင်ပဲ ကြိုးစားသွားချင်ပါတယ်” လို့ဆိုပါတယ်။ 

Photo: Ba Wa

လက်ရှိမှာတော့ ဘဝဟာ Team Kyar Pauk အဖွဲ့ထဲကနေ The Voice Myanmar (Season-3) သီချင်းဆို ပြိုင်ပွဲကြီးကို ဆက်လက် ယှဉ်ပြိုင်နေရတဲ့ အဆိုရှင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဂီတဝါသနာအပေါ် ခံံယူချက်ကိုလည်း အခုလို ပြောခဲ့ပါသေးတယ်။ 

“ ဂီတနဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ ပန်းတိုင်မရောက်မချင်းကို ရှေ့ဆက်လျှောက်မယ်။ အခုက Battle မှာ နိုင်သွားတော့ ကိုကျားရဲ့ Team ထဲမှာ ဆက်လက် ပါဝင်ခွင့်ရတာကို ပျော်ရွှင်ဝမ်းသာမိတယ်။ အကောင်းဆုံးလည်း ကြိုးစားသွားမှာပါ။ ပြီးတော့ ကျွန်တော့်ရည်ရွယ်ချက်က အခွေလည်း ထုတ်ချင်တယ်၊ ဒီအတိုင်းကြီး ထိုင်နေလို့ကလည်း မဖြစ်ဘူးဆိုတော့ ဒီကြားထဲမှာ ထုတ်လုပ်သူတွေ့ခဲ့တယ်။ Mr.Moon ကပေါ့။ အဲဒီကနေတဆင့် ကဗျာသီ..စာစီ ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ထွက်လာဖို့လည်း ရှိပါသေးတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Ba Wa

ဘဝ ကတော့ ဂီတလောကမှာ "နတ်ပြည်သွားမယ်" ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးသားအဆိုတော် တစ်ယောက်ပါ။ သူ့ အနေနဲ့ The Voice Myanmar 2018 သီချင်းဆိုပြိုင်ပွဲတုန်းကလည်း အဆိုတော် ကျားပေါက်ရဲ့ Team ကို ရွေးချယ်ခဲ့တာဖြစ်ပြီး The Battles အဆင့်ထိ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ကို အားပေးတဲ့ ပရိသတ်တွေ အများကြီးရှိလို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က