ကောင်းပြည့်လည်း ညီမလေးကို ချစ်တယ်လို့ထင်ပါတယ်။

ချောရတနာကတော့ ညီမဖြစ်သူ သန္တာဗိုလ်ရဲ့ အချစ်ရေးအပေါ် အစ်မတစ်ယောက်အနေနဲ့ သူ့ရဲ့ သဘောထားကို အခုလို ပြောလာပါတယ်။ 

Photo: Chaw Yadanar



သရုပ်ဆောင် ချောရတနာကတော့ သရုပ်ဆောင် သန္တာဗိုလ်ရဲ့ အစ်မ အရင်းဖြစ်ပါတယ်။ သန္တာဗိုလ်ကတော့ သရုပ်ဆောင် ကောင်းပြည့်နဲ့ ချစ်သူသက်တမ်း(၈) နှစ်ကျော်လာပါပြီ။ ဒါကြောင့် ညီမဖြစ်သူ ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ချောရတနာကလည်း သူမရဲ့ ဆန္ဒကို Duwun ကနေ ပြောပြလာခဲ့ပါတယ်။  

“ သူတို့ရဲ့ အချစ်ရေးကတော့ သူတို့ အပိုင်းပေါ့နော်။ အစ်မက သိပ်ပြီးတော့လည်း မပြောတတ်ဘူး။ နည်းနည်းပါးပါး ထိန်းသင့်တာလေးတွေ ပြောတယ်။ အသက်အရွယ် တစ်ခုရလာပြီဆိုရင် စဉ်းစား၊ ယူမှာလား မယူဘူးလားဆိုတာမျိုး အနည်းအကျဉ်းလောက်ပဲ ပြောတယ်။ အများကြီးလည်း မပြောဖြစ်ဘူး။ ဒါပေမယ့် အခုချိန်ထိ လက်တွဲလာကြတာဆိုတော့ ကောင်းပြည့်လည်း ညီမလေး အပေါ် တကယ်ချစ်တယ်လို့ အစ်မလည်း ထင်ပါတယ်။ ဝမ်းသာပါတယ်” လို့ ဆိုပါတယ်။ 

Photo: Thandar Bo

ချောရတနာဟာ သန္တာဗိုလ်ရဲ့ အချစ်ရေးအပေါ် စည်းကမ်းတင်းကြပ်ထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ညီမဖြစ်သူကိုတော့ အစ်မ တစ်ယောက်အနေနဲ့ အကောင်းအဆိုး ခွဲခြားတတ်ဖို့ကိုသာ သွန်သင်ပေးတဲ့အကြောင်း ဆက်လက် ပြောပြလာပါတယ်။ 

“ အစ်မရဲ့ ညီမလေး ဆိုပေမယ့် ဒါမလုပ်ရဘူး၊ ဒါမျိုး မကြိုက်ဘူးဆိုတာမျိုး အတင်း ဖိအား မပေးဘူး။ သူတို့ နှစ်ယောက် အဆင်ပြေနေကြရင် ပြီးတာပဲလေ။ သူ့ကို အစ်မက တစ်ခုပဲ ပြောပြထားတာ ကိုယ့်ရဲ့ ရွေးချယ်မှု အရ ကောင်းတာဆိုလည်း ကိုယ်ပဲ ခံရမှာ၊ ဆိုးတာကိုလည်း ကိုယ်ပဲ ခံရမှာ။ အဲဒီအတွက် ကိုယ်တိုင် စဉ်းစား ကောင်းပြည့်ရဲ့ ဆိုးတာ ကောင်းတာကို သူကလွဲပြီး အစ်မတို့လည်း မသိနိုင်ဘူး။ သူကတော့ ချစ်တဲ့ စိတ်နဲ့ အရာရာကောင်းတယ်ဆိုလည်း သူ့သဘော၊ ဆိုးတယ် ဆိုလည်း သူခံရမှာဆိုတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ လို့တော့ ပြောထားတယ်” လို့ ဆိုပါတယ်။
 

Photo: Chaw Yadanar

အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ချောရတနာဟာ ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၀၂ ခုနှစ် ကတည်းက အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ သားလေးကတော့ လက်ရှိမှာ (၅) နှစ်ကျော်အရွယ်ရောက်နေပြီဖြစ်ပါတယ်။ သမီးလေးကတော့ အသက်(၂) နှစ်ကျော်လာခဲ့ပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က