အများကြီး ပံ့ပိုးပေးသွားဖို့ စဉ်းစားထားတယ်။

အေသင်ချိုဆွေကတော့ သူမရဲ့ တစ်ဦးတည်းသောသမီးလေး Ivy ရဲ့ ဂီတဝါသနာတွေကို အခုကတည်းက မြင်တွေ့နေရပြီလို့ ဆိုပါတယ်။ 

Photo: A then Cho Swe



အေသင်ချိုဆွေကတော့ ဂီတလောကမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူမ လိုပဲ သမီးလေး Ivy ကလည်း ဂီတနဲ့ ပတ်သက်ပြီး အခုကတည်းက သီချင်းလေးတွေ လိုက်ဆိုတတ်နေပါပြီ။ ဒါကြောင့် ဂီတကို ငယ်စဉ်ကတည်းက ဝါသနာပါတဲ့ သမီးလေးအတွက် အေသင်ချိုဆွေရဲ့ ရည်မှန်းချက်ကို Duwun ကနေ ပြောပြလာပါတယ်။ 

“ Ivy က အခု စကား သိပ်မပြောတတ်သေးလို့။ သူပြောစရာ စကားလုံးတွေ များလာရင် သူ့ဘာသာ သူတောင် သီချင်းဆိုမလား မသိဘူူး။ သူသိတဲ့ စကားလုံးလေးတွေကို အခုဆို သီချင်းလေးတွေ လုပ်လုပ်ပြီး ဆိုနေပြီ။ သူသာ ဂီတဝါသနာပါတယ်ဆိုရင် ငယ်ငယ်လေးကတည်းက ပီယာနို၊ ဂစ်တာတီးတာ၊ တယောတီးတာတွေ၊ ဂီတနဲ့ ပတ်သက်တဲ့ နုတ်လေးတွေကို ငယ်ငယ်လေးကတည်းက သင်ပေးဖို့ အစီအစဉ်ရှိတယ်။ ဂီတကို နာမည်ကြီး ပြီးရော မလုပ်စေချင်ဘူး။ အနုပညာအလုပ်က ဘယ်လောက်ထိ သိမ်မွေ့တယ်၊ နက်နဲတယ်ဆိုတာကို သူခံစားတတ်လာအောင်ပေါ့။ သူ ဝါသနာပါရင်တော့ အများကြီး ပံ့ပိုးပေးသွားဖို့ စဉ်းစားထားပြီးသားပါ” လို့ သူက ဆိုပါတယ်။ 

Photo: A then Cho Swe

အေသင်ချိုဆွေ ဟာ သူမရဲ့ ဂီတအမွေကို ဆက်ခံမယ့် သမီးလေး Ivy ကို အနုပညာရှင် စစ်စစ် တစ်ယောက်သာ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။ 

“ သူဘာပဲ လုပ်ချင်လုပ်ချင် ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို သေချာစဉ်းစားပေးရမှာပေါ့နော်။ ကိုယ့်တုန်းကလို မဖြစ်အောင်။ အနုပညာအလုပ်ကို လုပ်ရင် စီးပွားရေး တစ်ခုလို သဘောမထားစေချင်ဘူး။ ပိုက်ဆံနောက်ကို လိုက်တဲ့သူ မဖြစ်စေချင်ဘူး။ပိုက်ဆံက သူ့နောက်ကို လိုက်တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်စေချင်တယ်။ အနုပညာရှင် တစ်ယောက်ဆိုလည်း အနုပညာရှင် စစ်စစ်ပဲဖြစ်စေချင်တယ်။ သူ့ အနုပညာသည် ပရိသတ်တွေနဲ့ တသားတည်း ဖြစ်သွားရင်တော့ သူ အောင်မြင်လာမှာပါ” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: A then Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က